အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ မြန်မာဘောလုံးအသင်းနှင့် တီမောလက်စ်တေ ဘောလုံးအသင်း ယှဉ်ပြိုင်ကစားမှု တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော်  ၂၈   နိုဝင်ဘာ

 

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပလျက်ရှိသည့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဘောလုံးပွဲစဉ်များတွင် မြန်မာဘောလုံးအသင်းသည် အုပ်စုပွဲစဉ်အဖြစ် နိုဝင်ဘာ ၂၉ ရက်တွင် တီမောလက်စ်တေ အသင်းနှင့် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

 

အဆိုပါ ဘောလုံးပွဲစဉ်အား ယင်းနေ့ မွန်းလွဲ ၂ နာရီမှ စတင်၍ မြန်မာ့ရုပ်မြင်သံကြား(MRTV)၊ MRTV Sports Channel နှင့် မြန်မာ့အသံရေဒီယို အစီအစဉ်တို့မှ တိုက်ရိုက်ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)