အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော်  ၂၉   နိုဝင်ဘာ

 

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပမည့် အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ (၃၀)ရက် ညနေ(၅)နာရီခွဲတွင် Bocaue, Philippine ၌ ကျင်းပမည်ဖြစ်ရာ အဆိုပါ အခမ်းအနား ကျင်းပပုံများကို ယင်းနေ့ညနေ ၅ နာရီ ၂၅ မိနစ်မှ စတင်၍ မြန်မာ့အသံ ရုပ်မြင်သံကြား MRTV,MRTV Sports Channel နှင့် မြန်မာ့အသံ ရေဒီယို အစီအစဉ်တို့မှ တိုက်ရိုက် ထုတ်လွှင့် ပေးသွားမည် ဖြစ်ကြောင်းနှင့် ည(၈)နာရီ သတင်းအစီအစဉ်အား  ဖွင့်ပွဲအခမ်းအနား ပြီးဆုံးချိန်တွင် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)