အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဆုတံဆိပ်များ ဆွတ်ခူးခဲ့သည့် အားကစားအဖွဲ့များအား ဂုဏ်ပြုဆုကြေးငွေများ ချီးမြှင့်

ရန်ကုန် ၂၀ မေ

 

အကြိမ်(၃၀)မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များ ဆွတ်ခူးရရှိခဲ့ကြသည့် အားကစားသမားများ၊ နည်းပြများနှင့် အုပ်ချုပ်မှုအဖွဲ့များအား နိုင်ငံတော်မှ ချီးမြင့်မည့် ဂုဏ်ပြုဆုကြေးငွေများ ထုတ်ပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ရှိ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ယှဉ်ပြိုင်ရေးနှင့် လေ့ကျင့်ရေးဌာနခွဲ()တွင် ကျင်းပခဲ့သည်။

 

အားနစ်အားကစားနည်းရဲ့ အောင်မြင်မှုရရှိခဲ့တဲ့ ဆုကြေးငွေကို လာရောက်ထုတ်ယူခြင်း ဖြစ်ပါတယ်၊ ဒီလိုမျိုး နိုင်ငံတော်ကနေ ချီးမြှင့်တဲ့အတွက်လည်း အတိုင်းမသိ၀မ်းသာပါတယ်။ အားကစားထဲမှာ ဒီလောက်အတိုင်းအတာထိလည်း မရဘူးခဲ့သလို ဒီနှစ်မှာ ထူးခြားမှုကတော့ အုပ်ချုပ်/နည်းပြတွေ အတွက်ကိုပါ ထည့်သွင်းစဉ်းစားပြီးတော့မှ ပေးခဲ့တာရှိပါတယ်။ အရင်တုန်းကတော့ ဒီလိုတွေက ရှားပါးတယ်လို့ ခံစားရပါတယ်ဟု ရွှေတံဆိပ်ဆုဆွတ်ခူးခဲ့သည့် အားနစ်ကစားနည်းမှ မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခင်လေးမွန်က ပြောသည်။

 

နိုင်ငံတော်အစိုးရမှ တစ်ဦးချင်းပြိုင်ပွဲများတွင် ဆုရရှိသူများအနက် ရွှေတံဆိပ်ဆုရ ကစားသမားများအား ကျပ် သိန်း ၁၅၀၊ ငွေတံဆိပ်ဆုရ ကစားသမားအား ကျပ် ၇၅ သိန်း၊ ကြေးတံဆိပ်ဆုရ ကစားသမားအား ကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့ပြီး အသင်းလိုက်ပြိုင်ပွဲတွင် ဆုရရှိသူများအနက် ရွှေတံဆိပ်ဆုရရှိသည့် အသင်းမှကစားသမား တစ်ဦးချင်းစီအား ကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ဆုရရှိသည့် အသင်းမှ ကစားသမား တစ်ဦးချင်းစီအား ကျပ် သိန်း ၅၀၊ ကြေးတံဆိပ်ဆုရရှိသည့်အသင်းမှ ကစားသမားတစ်ဦးချင်းအား ကျပ် သိန်း ၃၀ စီ ချီးမြှင့်ခဲ့သည်။

 

အဆိုပါ ဂုဏ်ပြုဆုကြေးငွေများ ချီးမြှင့်မှုတွင် ကစားသမားပေါင်း ၁၆၆ ဦး အပါအ၀င် အုပ်ချုပ်/နည်းပြများ စုစုပေါင်း ကျပ် ၉၈၂၀ သိန်းရှိကြောင်း သိရသည်။

 

အကြိမ်(၃၀)မြောက် ဖိလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲကြီးတွင် (ဘိလိယက်နှင့် စနူကာ) အားနစ်၊ လှေလှော် (ကနူး/ကယက်၊ ရိုးရာလှေ၊ အနောက်တိုင်းလှေ) ပြေးခုန်ပစ်၊ မြားပစ်၊ ဂျူဒို၊ လက်ဝှေ့၊ ပိုက်ကျော်ခြင်း၊ အလေးမ၊ တိုက်ကွမ်ဒို၊ နပန်း၊ Kurash စစ်တုရင်၊ ဟော်ကီ၊ ဘောလုံး(ကျား/) ကရာတေး၊ ပီတန်း၊ ရွက်လှေ၊ ဝူရှုးအားကစားနည်းများမှ ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

 

အကြိမ် (၃၀) မြောက် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့အနေဖြင့် အားကစားနည်း (၃၁) နည်းဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အားကစားနည်း ၂၀ နည်းမှ နိုင်ငံတော်အတွက် ရွှေတံဆိပ် ခု၊ ငွေတံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၅၁ ခု ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။

 

သတင်းနှင့်ဓာတ်ပုံ- တင်စိုး(မြန်မာ့အလင်း)