အကျိုးဆောင်တောင်သူ ဖွံ့ဖြိုးတိုးတက်ရေး Contact Farmer Training သင်တန်းဖွင့်လှစ်

ရေတာရှည်  ၂၈ ဇူလိုင်

 

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနတွင် ဇူလိုင် ၂၇ ရက် နံနက် ၉ နာရီက အကျိုးဆောင်တောင်သူ ဖွံ့ဖြိုးတိုးတက်ရေး Contact Farmer Training  သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

သင်တန်းဖွင့်ပွဲတွင် တောင်ငူခရိုင် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမြတ်မင်းထွေးက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများ၏ မူဝါဒနှင့် လုပ်ငန်းစဉ်များနှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

အဆိုပါ သင်တန်းကို ၅ ရက်ကြာဖွင့်လှစ်မည်ဖြစ်ပြီး ရေတာရှည်၊ တောင်ငူ၊ ထန်းတပင်၊ အုတ်တွင်း၊ ဖြူးနှင့် ကျောက်ကြီးမြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ ၃၀ တက်ရောက်လျက်ရှိကြောင်း သိရသည်။

 

ကိုလွင်(ဆွာ)