အကြမ်းဖက် CRPH ၊ NUG ၊ PDF များ၏ ပစ်မှတ်ဖြစ်နေသော အရွယ်မရောက်သေးသည့် ကလေးသူငယ်များ

မင်းခန့်

ဖေဖော်ဝါရီ ၁၅ ရက်က စစ်ကိုင်းတိုင်းဒေသကြီး အရာတော်မြို့နယ်အတွင်းမှာ ကျောင်းကားတစ်စီး ကို   အကြမ်းဖက်အုပ်စုအဖြစ်   ကြေညာထားတဲ့ CRPH ၊ NUG    တို့ရဲ့  လက်ဝေခံ PDF  အမည်ခံ အကြမ်းဖက်သမားများက   လက်လုပ်ရီမုမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့လို့ စာမေးပွဲဖြေဆိုပြီး ပြန်လာ တဲ့ ကျောင်းသူ တစ်ဦးသေဆုံးပြီး ၁၀ ဦး ဒဏ်ရာ ရရှိသွားတဲ့သတင်းကို ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကြားသိခဲ့ရပါတယ်။


ကျောင်းဖွင့်ရက်တွေမှာ   နေ့စဉ်  ဒီအချိန်၊ ဒီလမ်းကြောင်းကနေ ပုံမှန်သွားလာနေတဲ့ ကျောင်း ကားကို ရီမုမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်လို့ ကျောင်းသား  ကျောင်းသူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ရက်ရက်စက်စက်  အကြမ်းဖက်တိုက်ခိုက်တယ် ဆိုတာ ငြင်းလို့မရပါဘူး။ ကျောင်းဝတ်စုံ အဖြူ အစိမ်းဝတ်ဆင်ထားတဲ့    အပြစ်မဲ့ကလေးငယ် ကျောင်းသား ကျောင်းသူလေးများ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ဖြစ်စဉ် မှတ်တမ်းဓာတ်ပုံများကို မြင်တွေ့ ရတဲ့သူတိုင်းလည်း စိတ်မကောင်းဖြစ်ကြရပါတယ်။ သားသမီးရှိတဲ့ မိဘတိုင်းလည်း ကိုယ်ချင်းစာစိတ်နဲ့ ခံစားကြည့်ရင် ဒီလိုဆိုးရွားရက်စက် ယုတ်မာလွန်း တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ရွံရှာစက်ဆုပ်ကြ ပါတယ်။


ဒီလိုဖြစ်စဉ်ကိုကြည့်ရင်      နိုင်ငံတော်ရဲ့ အနာဂတ်၊    မိဘများရဲ့     မျှော်လင့်ချက်ဖြစ်တဲ့ သားသမီးများရဲ့ပညာသင်ကြားရေးကို ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်ခဲ့ခြင်းဖြစ်သလို နိုင်ငံရေးနဲ့မသက်ဆိုင် တဲ့ ကလေးသူငယ်များကို ပစ်မှတ်ထားပြီး လုပ်ကြံ သတ်ဖြတ်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်  ဖြစ်တယ် ဆိုတာ ထင်ရှားလှပါတယ်။ ဒီလိုအကြမ်းဖက်လုပ်ရပ် မျိုးတွေကို နိုင်ငံတကာက ဘယ်လိုသဘောထားကြ ပါလဲ။ ငြင်းလို့မရတဲ့ သက်သေအထောက်အထား တွေအရ ဒီလိုဆိုးရွားရက်စက်လွန်းတဲ့ အကြမ်းဖက် လုပ်ရပ်တွေလုပ်ဖို့ ကြိုးကိုင်စီစဉ်ဆောင်ရွက်နေတဲ့ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားတဲ့ CRPH ၊ NUG အဖွဲ့နဲ့ မြေပြင်မှာ လက်ရဲဇက်ရဲကျူးလွန်နေတဲ့ PDF အမည်ခံ အကြမ်းဖက်သမားတွေကို အားပေး ထောက်ခံသင့်ပါသလား၊ စဉ်းစားချင့်ချိန်ကြစေချင် ပါတယ်။


ကလေးသူငယ်တွေဆိုတာ နိုင်ငံတစ်ခု၊ လူ့အဖွဲ့ အစည်းတစ်ခုရဲ့  အနာဂတ်ဖြစ်သလို အဖိုးတန် ရတနာတွေလည်းဖြစ်ပါတယ်။  ကလေးသူငယ်တွေ ဟာ အရွယ်ရောက်ပြီးသူတွေနဲ့ နှိုင်းယှဉ်ရင်  မိမိ ကိုယ်ကို  စောင့်ရှောက်ကာကွယ်နိုင်တဲ့  အသက် အရွယ်၊ အတွေ့အကြုံနဲ့ ရုပ်ပိုင်း/စိတ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးမှုတွေ မရှိသေးတာကြောင့် မိဘ၊ ဆွေမျိုးများ၊ အစိုးရနဲ့ သက်ဆိုင်ရာလူ့အဖွဲ့အစည်းများရဲ့   အရိပ် အာဝါသအောက်မှာ  အထူးအကာအကွယ်ပေးထား ရသူတွေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း   နိုင်ငံတိုင်း မှာ အရွယ်မရောက်သေးတဲ့  ကလေးသူငယ်တွေ ရရှိသင့်တဲ့    အခွင့်အရေးတွေနဲ့၊  သူတို့အပေါ် ကျရောက်နိုင်တဲ့ ဘေးအန္တရာယ်တွေကို ဥပဒေတွေ နဲ့ ထိန်းကျောင်းကာကွယ်ထားရခြင်း ဖြစ်ပါတယ်။


နိုင်ငံတကာဥပဒေတွေအရတော့ တိုက်ခိုက်ရေး စစ်သည်မဟုတ်တဲ့ အရပ်သား(Non-Combatants) တွေကို အကာအကွယ်ပေးထားတဲ့ဥပဒေတိုင်းဟာ ကလေးသူငယ်များအတွက် “General Protection” အရ အကျုံးဝင်ပြီးဖြစ်ပါတယ်။ ဒါ့အပြင် ၁၉၂၄ ခုနှစ် မှာ ပြဋ္ဌာန်းတဲ့ Geneva Declaration of the Rights of the Child၊ ၁၉၅၉ ခုနှစ် နိုဝင်ဘာလမှာ ထုတ်ပြန် တဲ့ Declaration of the Rights of the Child အပါအဝင် အခြားသော အခွင့်အရေးဆိုင်ရာဥပဒေ များမှာ   ကလေးသူငယ်များရဲ့  အခွင့်အရေးကို ကာကွယ်ပေးထားပါတယ်။


သာမန်အခြေအနေတွေမှာ  ကလေးသူငယ် တွေရဲ့ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ပေး ထားသလို သာမန်မဟုတ်တဲ့ လက်နက်ကိုင်ပဋိပက္ခ တွေအတွင်းမှာလည်း   အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေအပေါ် အထူးကာကွယ်ပေးထား တဲ့ ဥပဒေတွေ ရှိပါတယ်။ Geneva Convention တွေရဲ့ နောက်ဆက်တွဲတွေဖြစ်တဲ့ ၁၉၇၇ ခုနှစ်မှာ ပြဋ္ဌာန်းတဲ့ Additional Protocol I၊ Article 77 မှာ “Children shall be the object of special respect and shall be protected against any form of indecent assault. The Parties to the conflict shall provide them with the care and aid they require, whether because of their age or for any other reason” ကလေးသူငယ် တွေကို အထူးလေးစားရမယ်၊ သူတို့အပေါ်ကျရောက် မယ့် မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆို ကာကွယ်ပေး ရမယ်။ အသက်ငယ်တာအပြင် ဘယ်လိုအကြောင်း ပြချက်နဲ့ဖြစ်ဖြစ် ပဋိပက္ခထဲမှာ ပါဝင်တဲ့အုပ်စုတွေ အနေနဲ့  ကလေးငယ်တွေကို   ကူညီထောက်ပံ့ စောင့်ရှောက်မှုတွေပေးရမယ်လို့  ဆိုလိုတာဖြစ်ပါ တယ်။ ပြည်တွင်းပဋိပက္ခကိုရည်ညွှန်းတဲ့ AP II မှာ အဲဒီထက်အသေးစိတ်ကျတဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင် ပါတယ်။


မြန်မာနိုင်ငံမှာလည်း ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့က “ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေ”ကို ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါတယ်။ ဒီဥပဒေရဲ့ အခန်း(၁၆)မှာ “ကလေးသူငယ်အပေါ် အကြမ်းဖက် မှုမှ ကာကွယ်စောင့်ရှောက်ခြင်း” ပါဝင်ပြီး ကလေး သူငယ်တွေကို ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကနေ အကာ အကွယ်ပေးထားပါတယ်။   အခန်း(၁၇)ဖြစ်တဲ့ “ကလေးသူငယ်နှင့် လက်နက်ကိုင်ပဋိပက္ခ”ဆိုတဲ့အခန်းမှာလည်း လက်နက်ကိုင်ပဋိပက္ခတွေအတွင်း မှာ  ကလေးသူငယ်တွေကို   အထူးကိစ္စရပ်တစ်ခု အနေနဲ့   အကာအကွယ်ပေးဖို့၊  စောင့်ရှောက်ဖို့ ပါဝင်ပြီးဖြစ်ပါတယ်။ 


ဒီလို ပြည်တွင်းနဲ့ နိုင်ငံတကာမှာ ကလေး သူငယ်တွေကို အလေးထား ကာကွယ်စောင့်ရှောက် ဖို့၊  ပဋိပက္ခတွေမှာ မပါဝင်စေဖို့၊ ကြားမညပ်စေဖို့ ဥပဒေတွေနဲ့ တားမြစ်ထားပေမယ့်လည်း မြန်မာ နိုင်ငံမှာတော့ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာ ထားတဲ့ CRPH၊ NUG တို့ရဲ့ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက နိုင်ငံရေးအရ အမြင်မတူ လို့၊ သူတို့ကို ထောက်ပံ့ခြင်းမပြုလို့ဆိုတဲ့ ခေါင်းစဉ် အောက်မှာ မိသားစုတစ်စုလုံးကို ကလေးသူငယ်ပါ မကျန် ရက်ရက်စက်စက် သတ်ဖြတ်နေကြသလို၊ ကလေးသူငယ်တွေကိုလည်း အကြမ်းဖက်ဖောက်ခွဲမှု ကျူးလွန်တဲ့နေရာမှာ ဓားစာခံအဖြစ် အသုံးချနေကြ တာကို စိတ်မကောင်းဖွယ်ရာ၊ စိုးရိမ်ထိတ်လန့် ဖွယ်ရာ မြင်တွေ့ကြားသိ နေရပါတယ်။


မြန်မာနိုင်ငံမှာ    အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG တွေနဲ့ ၎င်းတို့ရဲ့ လက်ဝေခံ PDFအမည်ခံ အကြမ်းဖက်သမားတို့ရဲ့ အကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရတဲ့ ကလေးသူငယ် အရေအတွက် ၁၄၃ ဦး ရှိပြီဖြစ်ပြီး ဒဏ်ရာရရှိခဲ့တဲ့ အရေအတွက် ၃၉၂ ဦးရှိပြီး ဖြစ်ပါတယ်။ စာရင်း ဇယားတွေအရ      စစ်ကိုင်းတိုင်းဒေသကြီးဟာ ကလေးသူငယ်တွေ    အကြမ်းဖက်ခံရမှုကြောင့် သေဆုံးသူအများဆုံးဖြစ်ပြီး မကွေးတိုင်းဒေသကြီး က ဒုတိယအများဆုံး ဖြစ်ပါတယ်။ သေဆုံးခဲ့ကြရတဲ့ ကလေးငယ်အများစုဟာ နိုင်ငံရေး အရောင်အသွေး မတူတဲ့အတွက် ဒလန်မိသားစုဆိုပြီး စွပ်စွဲသတ်ဖြတ် လို့၊   အကြမ်းဖက်သမားတွေ    ထောင်ထားတဲ့ လက်လုပ်မိုင်းတွေ ပေါက်ကွဲလို့၊ PDF အမည်ခံ အကြမ်းဖက်တွေ လက်နက်စမ်းသပ်ရင်း ကျေးရွာ တွေထဲကို ရမ်းသမ်းပစ်ခတ်လို့၊ ကျေးရွာမီးရှို့လို့၊ ဒရုန်းတွေမှာ ဗုံးသီးတွေချိတ်ပြီး ထိချင်ရာထိပစ်ချ လို့ သေဆုံးခဲ့ကြရတာ အများစုဖြစ်ပြီး  PDF တွေ အကြမ်းဖက်မှုဆောင်ရွက်ဖို့  အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို  ဓားစာခံအဖြစ်အသုံးချတဲ့ အတွက် သေဆုံးခဲ့ကြရတဲ့ ဖြစ်စဉ်များလည်း ပါဝင် နေပါတယ်။    

mdn


ဒီဖြစ်စဉ်တွေထဲကမှ       ပြည်သူလူထုနဲ့ နိုင်ငံတကာက  သိရှိနိုင်အောင်  ထူးခြားဖြစ်စဉ် တချို့ကို အကျဉ်းမျှဖော်ပြပေးလိုပါတယ်။ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ  ၁၁ ရက်က တနင်္သာရီတိုင်း ဒေသကြီး ပလောက်မြို့ ညောင်ရှင်ကုန်းကျေးရွာ မှာ ရစဖမှူး ဦးမြင့်အောင်၏ ဇနီး၊ သမီးနဲ့ မြေးများ ဖြစ်တဲ့ မိသားစုဝင် ခုနစ်ဦးစလုံးကို PDF အမည်ခံ အကြမ်းဖက်တွေ သတ်ဖြတ်သွားကြပါတယ်။ ဒီလို ရက်ရက်စက်စက်အသတ်ခံရတဲ့   မိသားစုတွေ ထဲမှာ မြေးဖြစ်တဲ့   အသက်  (၁၇)နှစ်အရွယ် မောင်နေထက်သိန်း၊   အသက်   (၁၆)နှစ်အရွယ် မောင်ဇေယျာအောင်၊   အသက်   (၁၃)နှစ်အရွယ် မောင်စိုးမင်းပိုင်၊ အသက် ၉ နှစ်အရွယ် မမေဇင်ဖြူ၊ နာမည်တောင် သေချာမပေးရသေးတဲ့ တစ်နှစ် အရွယ် မောင်သားသားတို့ဟာ အရွယ်မရောက် သေးတဲ့ ကလေးငယ်များဖြစ်ကြပါတယ်။ အဘိုး ဖြစ်သူက     ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်တာနဲ့ မိသားစုတစ်စုလုံးကို ရင်ခွင်ပိုက် တစ်နှစ်အရွယ် ကလေးပါမကျန် လူမဆန်စွာ သတ်ဖြတ်သွားခဲ့ကြ တာ ဖြစ်ပါတယ်။


၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၄ ရက် စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ်  ငါးမြောင်ကျေးရွာမှာ PDF အမည်ခံ အကြမ်းဖက်တွေက ဦးကျော်လှိုင် (၆၅)နှစ် (ဝါး/မျော ရောင်းဝယ်ရေး)အပါအဝင် မိသားစု ရှစ်ယောက်စလုံးကို ရက်ရက်စက်စက် သတ်ဖြတ် သွားကြပါတယ်။  ဒီလိုသတ်ဖြတ်ခံရတဲ့ အထဲမှာ ဦးကျော်လှိုင်ရဲ့ မြေးတွေဖြစ်တဲ့ မောင်ခန့် ဇေယျာမျိုး (၆)နှစ်၊   မသိမ့်ရွှေဘုံစံ (၁၁)နှစ်၊ မစုမြတ်စံ (၁၅)နှစ် တို့ဟာ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ ဖြစ်ကြပါတယ်။ ထူးခြားတာက ဦးကျော်လှိုင်တို့    မိသားစုဟာ   NLD  ပါတီကို ထောက်ခံအားပေးသူတွေဖြစ်ပြီး ဝါး/မျောရောင်း ဝယ်ရေးနဲ့ စီးပွားဖြစ်နေကြပေမယ့် PDF အမည်ခံ အကြမ်းဖက်တွေကို ထောက်ပံ့ကြေးမပေးတော့ လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သတ်ဖြတ်သွားကြတာ ဖြစ်ပါတယ်။  အရင်ကပေးနေပြီး နောက်ပိုင်းမှာ PDF တွေရဲ့ အကြမ်းဖက်လမ်းစဉ်ကို မယုံကြည် တော့လို့ ဆက်လက်မထောက်ပံ့တော့တာလည်း ဖြစ်နိုင်ပါတယ်။   ဘယ်လိုပဲဖြစ်ဖြစ် အကြမ်းဖက် အုပ်စုအဖြစ် ကြေညာထားတဲ့ CRPH ၊ NUG တို့ရဲ့ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက သူတို့ကို မထောက်ခံတာနဲ့၊ ငွေကြေးမပေးတာနဲ့ နိုင်ငံရေးအရောင်မရွေး ကလေးပါမကျန် ရက်စက် စွာသတ်ဖြတ်ကြတယ်ဆိုတာ သိသာထင်ရှားစေတဲ့ အထောက်အထားတစ်ခုဖြစ်ပါတယ်။


၂၀၂၁  ခုနှစ် မေ ၁၉ ရက် စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ် ရွှေပေါက်ပင်ကျေးရွာမှာ ရစဖမှူး ဦးစိုးညွန့်အိမ်ကို PDF အမည်ခံ အကြမ်းဖက်သမား တွေ ရောက်လာပြီး ဇနီး မတင်မာစိုး အပါအဝင်  သားဖြစ်သူ အသက် (၃)နှစ်အရွယ် မောင်စွမ်းထက် အောင်ကိုပါ ရက်ရက်စက်စက် သတ်ဖြတ်သွားကြပါ တယ်။ ဒီလိုမျိုး အုပ်ချုပ်ရေးမှူးမိသားစုတွေကို ကလေးငယ်တွေပါမကျန်     ရက်ရက်စက်စက် သတ်ဖြတ်တဲ့ဖြစ်စဉ်တွေ  အများကြီးရှိခဲ့ပါတယ်။ ဖခင်(သို့မဟုတ်)အဘိုးဖြစ်သူက ရပ်ကွက်အုပ်ချုပ် ရေးမှူး   ဖြစ်နေတာနဲ့  သူတို့ရဲ့  မိသားစုတွေကို ရင်ခွင်ပိုက်ကလေးပါမကျန် သတ်ဖြတ်နေကြတာ က လုံလောက်တဲ့ အကြောင်းပြချက်ဟုတ်ပါရဲ့လား၊ ဖြစ်သင့်ဖြစ်ထိုက်ပါသလား၊   စဉ်းစားကြည့်ကြဖို့ လိုပါတယ်။


၂၀၂၁   ခုနှစ်  စက်တင်ဘာ  ၂၃  ရက်က တန့်ဆည်မြို့နယ် ကျီကုန်း(တ)ကျေးရွာက ဦးရဲမြင့် (၅၇)နှစ်အပါအဝင် မိသားစုဝင် ခြောက်ဦးစလုံးကို PDF အမည်ခံ အကြမ်းဖက်တွေက ရဲတပ်ဖွဲ့ဝင် တစ်ဦးရဲ့     မိသားစုဖြစ်တယ်ဆိုတဲ့      အကြောင်း ပြချက်နဲ့  သတ်ဖြတ်ခဲ့ကြတာဖြစ်ပြီး  ဦးရဲမြင့်ရဲ့ မြေးဖြစ်သူ မနုနုခိုင်နဲ့ မချောစုလှိုင်တို့ဟာ အသက် ၁၈  နှစ်ဝန်းကျင်သာရှိတဲ့  ဆယ်ကျော်သက်တွေ ဖြစ်ပြီး    အငယ်ဆုံး    မကျော့မှူးကေသွယ်ဟာ အသက် (၄)နှစ်သာ ရှိပါသေးတယ်။ ရဲတပ်ဖွဲ့ဝင် တစ်ဦးရဲ့ မိသားစုဖြစ်တာနဲ့ အရွယ်မရောက်သေးတဲ့ အမျိုးသမီးငယ်လေးတွေပါမကျန်    ရက်ရက် စက်စက် သတ်ဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။


၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၈ ရက် မကွေးတိုင်း ဒေသကြီး ချောက်မြို့နယ် ပျဉ်းမလမ်းယာဘက်က မြို့နယ်ဘောလုံးကွင်းဝင်ပေါက်မှာ လက်လုံးမိုင်း တစ်လုံး ပေါက်ကွဲပြီး  မောင်မိုးရန်ကို  (၇)နှစ်နဲ့ မောင်ဝင်းနိုင်မင်း (၁၁)နှစ်တို့ ရုပ်ပျက်ဆင်းပျက် သေဆုံးခဲ့ကြရပါတယ်။  မျက်မြင်တွေ့ရှိချက်တွေ အရ  ကလေးငယ်   နှစ်ဦး  ကိုင်ဆောင်လာတဲ့ ကြွပ်ကြွပ်အိတ်ထဲက မိုင်းပေါက်ကွဲခဲ့တာလို့ သိရပါ တယ်။ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားတဲ့ CRPH ၊ NUG တွေနဲ့ ၎င်းတို့ရဲ့ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လူသူအများ အပြား လာရောက်ကြည့်ရှုတဲ့ အားကစားကွင်းထဲမှာ မိုင်းခွဲဖို့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေ ကို ငွေကြေးပေးပြီး ခိုင်းစေအသုံးချခဲ့တာ  ဖြစ်ပါ တယ်။ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားတဲ့ NUG   က  ဇော်ဝေစိုး  ထုတ်ဖော်ပြောဆိုခဲ့တဲ့ “အိတ်သေးသေးလေးတွေလည်း    ဖွင့်မကြည့်နဲ့  ကိစ္စတုံးသွားမယ်”ဆိုတဲ့     ခြိမ်းခြောက်မှုနဲ့ တစ်ထေရာတည်း တူညီနေတာကို တွေ့ရပါတယ်။


ဒီဖြစ်စဉ်တွေကို   လေ့လာကြည့်မယ်ဆိုရင် PDF အမည်ခံ အကြမ်းဖက်တွေအနေနဲ့ နိုင်ငံရေး အရောင်အသွေးမတူလို့၊   ဝန်ထမ်းဖြစ်လို့ဆိုတဲ့ အကြောင်းပြချက်သာမကတော့ဘဲ     သူတို့ကို အားပေးထောက်ခံခြင်းမပြုတော့တဲ့   နိုင်ငံရေး အရောင် အသွေးတူသူတွေကို သတ်ဖြတ်တဲ့နေရာမှာ ဘာမျှမဆိုင်တဲ့ ကလေးသူငယ်တွေကိုပါ ရက်ရက် စက်စက် သတ်ဖြတ်နေကြကြောင်း မီးမောင်းထိုးပြ နေတာပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်စဉ်တွေ ဖြစ်လာရတဲ့ ဇစ်မြစ်က အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထား တဲ့ NUG အဖွဲ့ရဲ့ စေခိုင်းစီမံမှုတွေနဲ့ လှုံ့ဆော်မှုတွေ အရ  PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေက မြေပြင် မှာ  ကျူးလွန်နေကြတာ  ဖြစ်ပါတယ်။  ငြင်းလို့ မရနိုင်တဲ့ အထောက်အထားတွေ၊  ခိုင်မာတဲ့မှတ်တမ်း တွေ အားလုံးရှိနေပြီး ကမ္ဘာသိအောင် သတင်းများ ထုတ်ပြန်ပေးနေသလို သက်ဆိုင်ရာ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး နိုင်ငံတကာအဖွဲ့အစည်း များနဲ့ နိုင်ငံတကာ  ရဲတပ်ဖွဲ့များကိုလည်း   ထပ်ခါ တလဲလဲ  အသိပေးထားပြီး ဖြစ်ပါတယ်။


စိတ်မကောင်းစရာက   နိုင်ငံတချို့ကတော့ အကြမ်းဖက်အုပ်စုအဖြစ်    ကြေညာထားသော CRPH ၊ NUGတွေနဲ့  ၎င်းတို့ရဲ့  လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက အကြမ်းဖက် လူသတ်နေကြတဲ့ဖြစ်စဉ်တွေကို ကမ္ဘာ့မီဒီယာတွေ ပေါ်မှာ တက်မလာအောင် နည်းမျိုးစုံနဲ့ ထိန်းချုပ် ထားပြီး အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားတဲ့ CRPH နဲ့ NUG အကြမ်းဖက်အဖွဲ့နဲ့ ထိတွေ့ဆက်ဆံ ကာ အကြမ်းဖက်အားပေးလုပ်နေကြတာကို တွေ့ရ ပါတယ်။  ဒီလိုမျိုး  ထိတွေ့ဆက်ဆံနေမှုတွေဟာ အကြမ်းဖက်အုပ်စုအဖြစ်      ကြေညာထားသော CRPH ၊ NUG  တွေနဲ့ ၎င်းတို့ရဲ့ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့တွေကို  အားပေးရာ ရောက်နေသလို  မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပွား နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှု၊ လုပ်ကြံသတ်ဖြတ် မှုများကို ပိုဆိုးလာအောင် မီးထိုးပေးနေတဲ့ လုပ်ရပ် များပဲ ဖြစ်ပါတယ်။ နိုင်ငံတကာမှာ အကြမ်းဖက်ဝါဒ နဲ့ အကြမ်းဖက်မှု (Terrorism & Terrorism Acts) ကို အဓိပ္ပာယ် အမျိုးမျိုး ဖွင့်ဆိုကြပါတယ်။   

သို့သော်လည်း ဒီနေ့ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားတဲ့ CRPH ၊ NUG တို့နဲ့ ၎င်းတို့ရဲ့ လက်ဝေခံ  PDF အမည်ခံ အကြမ်းဖက်တွေရဲ့ လုပ်ရပ်တွေက   တော်လှန်ရေးအမည်ခံပြီး နိုင်ငံရေးရပ်တည်ချက်မတူတဲ့ အပြစ်မဲ့ပြည်သူ တွေ၊   ၎င်းတို့ရဲ့   အကြမ်းဖက်လုပ်ရပ်တွေကို မထောက်ခံတဲ့    အပြစ်မဲ့ပြည်သူ   (Non-Combatants) တွေကို      ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား လုပ်ကြံသတ်ဖြတ်နေရာမှာ အရွယ် မရောက်သေးတဲ့ ကလေးသူငယ်များကိုပါမချန် သတ်ဖြတ်နေကြပြီး မည်သည့်  ကမ္ဘာ့လူ့အဖွဲ့ အစည်းကမှ လက်မခံနိုင်တဲ့ အကြမ်းဖက်မှုတွေ ကျူးလွန်နေကြတယ်ဆိုတာကို   အကြမ်းဖက် အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG အကြမ်းဖက်အဖွဲ့ တွေ နဲ့  ထိတွေ့ဆက်ဆံနေကြတဲ့ လူပုဂ္ဂိုလ်၊  အဖွဲ့အစည်းနဲ့  နိုင်ငံများကို ထပ်မံ အသိပေး ပြောကြားလိုပါတယ်။


ဒီလိုအရွယ်မရောက်သေးတဲ့ ကလေးသူငယ် များကို    ရက်စက်စွာ    အကြမ်းဖက်တိုက်ခိုက် လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ဖြစ်စဉ်တွေဟာ ငါနဲ့မတူ ငါ့ရန်သူအယူအဆအရ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG အဖွဲ့တွေရဲ့ စေခိုင်းချက်အရ PDF အမည်ခံ အကြမ်းဖက်သမား တွေက ကျူးလွန်ခဲ့ကြတဲ့ ရာဇဝတ်ပြစ်မှုကြီးတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအစိုးရနဲ့ တပ်မတော်အနေ နဲ့ကတော့       နိုင်ငံတကာဥပဒေတွေအရကော ပြည်တွင်းဥပဒေတွေအရပါ   ကလေးသူငယ်များ အပါအဝင် ပြည်သူတစ်ရပ်လုံးကို ကာကွယ်ရမယ့် တာဝန်    အပြည့်အဝရှိတာကြောင့်   လိုအပ်တဲ့ လုံခြုံရေးအစီအမံတွေချမှတ်ပြီး အကြမ်းဖက်ရန် ကနေ ကာကွယ်ပေးနေပါတယ်။   ဒီလို   ရက်စက် ဆိုးရွားလှတဲ့လုပ်ရပ်တွေကို        ကျုးလွန်နေတဲ့ အကြမ်းဖက်အဖွဲ့တွေကို    ငွေကြေးထောက်ပံ့ပြီး       နိုင်ငံရေးအကြောင်းပြချက်နဲ့ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်ပြီး ထိတွေ့ဆက်ဆံနေကြတဲ့ နိုင်ငံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊   ပြည်တွင်းပြည်ပ လူပုဂ္ဂိုလ်တွေအနေနဲ့    အထူးဂရုပြု   တွေးဆ ဆင်ခြင်နိုင်ဖို့အတွက် ရင်ခွင်ပိုက်ကလေးပါမကျန် သတ်ဖြတ်နေကြတဲ့    အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG တွေနဲ့ ၎င်းတို့ရဲ့ လက်ဝေခံ   PDF   အမည်ခံ   အကြမ်းဖက်တွေရဲ့         အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်နဲ့         အကြမ်းဖက် လုပ်ရပ်တွေ တင်ပြပေးလိုက်ရပါတယ်။


ကျမ်းကိုးစာရင်း
Geneva Convention IV 1949, Additional Protocol I and II 1977, Geneva Declaration of the Rights of the Child 1924, Declaration of the Rights of the Child 1959။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ “ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ”၊ ၂၀၁၉။