အလောင်းတော်ကဿပ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကပိုင်-အလောင်းတော်ကဿပဘုရား ရာသီလမ်းဖွင့်ပွဲကျင်းပ

ယင်းမာပင်   ၃  ဇန်နဝါရီ 

 

(၅၁)ကြိမ်မြောက် အလောင်းတော်ကဿပ ဗုဒ္ဓပူဇနိယပွဲတော်နှင့် ကပိုင်-အလောင်းတော် ကဿပဘုရား ရာသီလမ်းဖွင့်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ကပိုင်ကျေးရွာတွင် ယနေ့ နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

 

 

ရှေးဦးစွာ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်မှူးကြီး သန်းထွန်းအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်၊ လူမူရေးဝန်ကြီး ဒေါက်တာဇော်ဝင်း၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးခင်မောင်လှ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၊ ယင်းမာပင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းရီ တို့က အလောင်းတော်ကဿပ ဗုဒ္ဓပူဇနိယ ပွဲတော်နှင့် ကပိုင်-အလောင်းတော်ကဿပဘုရား ရာသီလမ်းမုခ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ယင်းမာပင်မြို့နယ် ကသီးကုန်းကျေးရွာ မဟာဝိသုဒ္ဒါရာမ ကျောင်းတိုက်ဆရာတော် ဦးဝိစိတ္တ၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က မုခ်ဦးဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးကာ ဘုရားဖူး ရာသီလမ်းအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

 


 
အလောင်းတော်ကဿပ ဘုရားသို့ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး လာရောက်မည်ဆိုပါက မုံရွာ-တရော်ကျင်း   ကပိုင်လမ်း၊ မုံရွာ-ယင်းမာပင်-ကုန်းရွာကပိုင်လမ်း၊ မုံရွာ-ယင်းမာပင်-လည်ငေါက်ကပိုင်လမ်း၊ မုံရွာ-ယင်းမာပင်-ဇီးတော- ကပိုင်လမ်း၊ မုံရွာ-ချောင်းမ-၂၈မိုင်-သစ်ရာပင်-ကပိုင်လမ်းများစသည့် ဘုရားဖူးလမ်းများမှ တစ်ဆင့် ကပိုင်လမ်းဆုံတွင် ခေတ္တရပ်နားပြီး နေ့စဉ် နံနက် ၅ နာရီမှ ညနေ ၅ နာရီခွဲအထိ တောင်ပေါ်လမ်း ၂၁ မိုင်အတက်ကို လည်းကောင်း၊ တောင်ပေါ်မှကပိုင်အထိအဆင်ပြေ ချောမွေ့စွာ နေ့စဉ်နံနက် ၅ နာရီမှ ညနေ ၅ နာရီခွဲအထိ လည်းကောင်း ကားကြီးကားငယ် အသွယ်သွယ်ဖြင့် စိတ်ချမ်းမြေ့စွာ အလောင်းတော်ကသပဘုရားအား ဖူးမြော်နိုင်ရန်  ယခုနှစ်တွင် လမ်းတစ်လျှောက် ကျယ်ကျယ်ပြန့်ပြန့် ဖောက်လုပ်ထားကြောင်း   တာဝန်ရှိသူထံမှ သိရသည်။

 

သန်းဌေးအောင်(ကနီ)