အလုပ်သမား ၈၄၂ ဦးအတွက် လူမှုဖူလုံရေးအကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ပေးအပ်

ရေတာရှည် ၂၇ ဇွန်

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ရေနီမြို့ စက္ကူပျော့ဖတ်စက်ရုံ ရုံးခန်းမ၌ ဇွန်လ နောက်ဆုံးပတ်က အလုပ်သမား ၈၄၂ ဦးအတွက် လူမှုဖူလုံရေး အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ပေးအပ်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနှင့် အလုပ်သမားရေးရာ ဥက္ကဋ္ဌ၊ ဒေါက်တာ ကျော်ကျော်က အမှာစကားပြောပြီး တောင်ငူမြို့နယ် လူမှုဖူလုံရေးရုံး(ခွဲ)တာဝန်ခံ ဒေါ်တင်မိုးနွယ်က ကိုဗစ် - ၁၉ ကာလအတွင်း ၁၃ ရက်ကြာ ပိတ်ခဲ့ရသည့်အတွက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ လူမှုဖူလုံရေးဥပဒေနှင့်အညီ ခံစားခွင့် ၄၀ ရာခိုင်နှုန်းပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ထို့နောက် ဒေါက်တာကျော်ကျော်က အကျိုးခံစားခွင့် ရှိသည့် အလုပ်သမား ၈၄၂ ဦးအတွက် ၁၃ ရက်စာ ငွေကျပ် သိန်း ၂၁၀၇၂၁၄၀ ဒသမ ၈၀ ကို ပေးအပ်ခဲ့ရာ စက်ရုံ တာဝန်ခံ ဦးဉာဏ်လွင်အုံးနှင့် တာဝန်ရှိသူများက လက်ခံ ယူကြောင်း သိရသည်။

သန်းလွင်