အမေဇုန်ကုမ္ပဏီ ဝန်ထမ်းပေါင်း ၂၀၀၀၀ နီးပါး ကိုဗစ် - ၁၉ ကူးစက်ခံခဲ့ရ

ဆီယက်တယ်လ်   ၆  အောက်တိုဘာ

ပြီးခဲ့သည့် မတ်လကတည်းက အမေဇုန်ကုမ္ပဏီရှိ ဝန်ထမ်း ပေါင်း ၁၉၈၀၀ ကျော်အထိ ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု ကုမ္ပဏီက ပြောကြားခဲ့သည်။

အွန်လိုင်းစီးပွားရေးလုပ်ငန်းကြီးဖြစ်သည့် အမေဇုန် တွင် ဝန်ထမ်းပေါင်း ၁ဒသမ ၃၇ သန်းရှိရာ ယခုစစ်ဆေး တွေ့ရှိရသည့် ရောဂါကူးစက်မှုပမာဏမှာ ထင်ထားသည်ထက် နည်းပါးသည်ဟု အမေဇုန်ကုမ္ပဏီက ပြောသည်။

ကုမ္ပဏီရှိ ရောဂါကူးစက်ခံရသည့် ဝန်ထမ်းများနှင့်ပတ်သက်၍ အချက်အလက်များထုတ်ပြန်ရန် နှောင့်နှေးနေမှုနှင့် ကပ်ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း ကုမ္ပဏီရှိ ဝန်ထမ်းများအား အကာအကွယ်ပေးရေး အစီအစဉ်များ လုံလုံလောက်လောက်မရှိမှုအပေါ် ထောက်ပံ့ပို့ဆောင်ရေး ဌာနများရှိ ဝန်ထမ်းများက ဝေဖန်ခဲ့ပြီးနောက်တွင် ကုမ္ပဏီက ရောဂါကူးစက်ခံရသည့်ဝန်ထမ်းအရေအတွက် ကို ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ဆီယက်တယ်လ်၌ ရုံးစိုက်ထားသည့် အမေဇုန်ကုမ္ပဏီ က တစ်ရက်လျှင် ရောဂါစစ်ဆေးသည့် နေရာပေါင်း ၆၅၀ တို့၌ ဝန်ထမ်းပေါင်း ၅၀ဝ၀ဝ အထိ စစ်ဆေးပေးလျက်ရှိ ကြောင်း ပြောကြားခဲ့သည်။ ။

ကုမ္ပဏီရှိ ဝန်ထမ်းများ ရောဂါစတင်ကူးစက်ခံရကတည်းက ကုမ္ပဏီ၏ အလုပ်ရုံများနှင့်သက်ဆိုင်ရာဌာနများတွင် ရောဂါကူးစက်မှုဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်ပေးရန် ဝန်ထမ်းများက တောင်းဆိုခဲ့ကြောင်း သိရသည်။

အေအက်ဖ်ပီ