အမေရိကန် သမ္မတ ထရမ့်  နဲ့ ဇနီး တို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိ

၂ အောက်တိုဘာ

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတကတော် တို့မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း ဒီနေ့(သောကြာနေ့) မှာ ကြေညာလိုက်ပါတယ်။

 

သမ္မတရဲ့ ထိပ်တန်းအကြံပေး ဟုပ် ဟစ်စ် မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိတဲ့အတွက် သမ္မတနဲ့ သူ့ဇနီးတို့ဟာ သီးသန့်စောင့်ကြည့်မှု (quarantine) အောက်မှာနေထိုင်မှာဖြစ်ပြီး ဗိုင်းရပ်စ်ပိုးစစ်ဆေးထားတဲ့အဖြေကို စောင့်နေကြောင်း ကြေညာအပြီး  နာရီပိုင်းအတွင်းမှာ သမ္မတ တို့ ဇနီးမောင်နှံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိကြောင်း ကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

 

ထိပ်တန်းအကြံပေး ဟုပ်ဟစ်စ်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ရွေးကောက်ပွဲအတွက် သမ္မတလောင်း စကားစစ်ထိုးပွဲ ကျင်းပရာကို သမ္မတနဲ့အတူ Air Force One လေယာဉ် အတူစီးသွားခဲ့ကြောင်း၊ အဲဒီနောက် အိမ်ဖြူတော်ကို အပြန်လမ်းမှာ သမ္မတ ကတော် နဲ့အတူ Marine One ရဟတ်ယာဉ်အတူစီးခဲ့ကြောင်း သိရပါတယ်။

 

အမေရိကန်သတင်းဌာနတွေရဲ့အပြောအရ အိမ်ဖြူတော်ကို အပြန်လမ်းမှာပင် အကြံပေး ဟုပ် ဟစ်စ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးရဲ့ ရောဂါလက္ခဏာ ပြနေကြောင်း သိရပါတယ်။

 

အမေရိကန်နိုင်ငံမှာ ကြာသပတေးနေ့ ၂၄ နာရီအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၄၇,၃၈၉ ဦးနဲ့ သေဆုံးသူ ၉၂၀ ရှိရာ စုစုပေါင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၇,၄၉၄,၆၇၁ ဦးနဲ့ သေဆုံးသူ ၂၁၂,၆၆၀ ရှိကြောင်း ဒီနေ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

MDN

ကိုးကား- AFP