အမေရိကန် တက္ကဆက်ပြည်နယ်၌ ကုန်တင်ယာဉ်တစ်စီးထဲတွင် လူ ၄၀ ကျော် သေဆုံးလျက်တွေ့ရှိ 

ဟောစတန် ဇွန် ၂၈

 

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်၊ ဆန်အန်တိုနီယိုမြို့၌ ၁၈ ဘီးရှိကုန်တင်ယာဉ်တစ်စင်းထဲတွင် လူ ၄၀ ကျော် သေဆုံးလျက်ရှိေနသည်ကို ဇွန် ၂၇ ရက်က ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေသဆိုင်ရာမီဒီယာများက ဖော်ပြထားသည်။

 

အဆိုပါကုန်တင်ကားကို မြို့၏တောင်ဘက်ဆင်ခြေဖုံးအရပ် ဝေးလံခေါင်သီသောနေရာတစ်ခုရှိ ရထားသံလမ်း ဘေးနားတွင် ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းများအရ သိရသည်။

 

အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူ လေးဆယ့်ခြောက်ဦးသည် အဆိုပါကုန်တင်ယာဉ်ထဲတွင် အပူရှိန်ဒဏ်ကြောင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာမီးသတ်ဌာနမှ အာဏာပိုင်များ၏ ပြောကြားချက်ကို ဒေသဆိုင်ရာမီဒီယာများက ကိုးကားဖော်ပြထားသည်။

 

သို့သော် ကျန် ၁၅ ဦးခန့်ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပြီး ဆေးဝါကုသမှုခံယူရန် ဒေသဆိုင်ရာဆေးရုံများသို့ ပို့ဆောင်ထားပြီး ၎င်းတို့အနက် အနည်းဆုံးငါးဦးသည် စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - ဂျေတီ