အမေရိကန်ဒဏ်ခတ်အရေးယူခြိမ်းခြောက်မှု မြောက်ကိုရီးယားနိုင်ငံခြားရေး ဝန်ကြီး ပြစ်တင်ဝေဖန်

၂၃ သြဂုတ်


မြောက်ကိုရီးယား နျူကလီးယားဖျက်သိမ်းခြင်းမပြုလုပ်လျှင်  ဒဏ်ခတ်အရေးယူခြိမ်းခြောက်မှု  ဆက်လက်လုပ်ဆောင်နေသည့် အမေရိကန်နိုင်ငံနှင့် ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟို က ပြန်လည် ပြစ်တင်ပြောဆိုခဲ့သည်။


အမေရိကန်နိုင်ငံအနေဖြင့် မြောက်ကိုရီးယားနိုင်ငံကို ထိပ်တိုက် ဒဏ်ခတ်အရေးယူမှုများ ဆက်လက်လုပ်ဆောင်နေပါက အတွက်မှားမည်ဖြစ်ကြောင်း ရီယောင်ဟို က သတိပေးခဲ့ကြောင်း နိုင်ငံပိုင် ကိုရီးယားဗဟိုသတင်းဌာနက ယနေ့သတင်းထုတ်ပြန်ကြေညာခဲ့သည်။


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီအို က မြောက်ကိုရီးယား နျူကလီးယားလက်နက် အပြီးတိုင်ဖျက်ဆီးရေးအတွက် စည်းရုံးသိမ်းသွင်းခဲ့သော်လည်း  မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယားဖျက်သိမ်းမှုပြုလုပ်ခြင်းမရှိခဲ့လျှင် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သတင်းစာအင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။


နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှု ရပ်တန့်ရေးအတွက် မြောက်ကိုရီးယားနိုင်ငံက ကြိုတင်ပြင်ဆင်ထားကြောင်း ရီယောင်ဟို က ပြောကြားခဲ့သည်။


ကိုးကား- အန်အိတ်ချ်ကေ


ဘာသာပြန် - မြင့်မြင့်ချို

 

n1.JP