အမေရိကန်လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စင်းပေါ်မှာ လူသားနှလုံး ကျန်ခဲ့တဲ့အတွက် လေယာဉ်နောက်ပြန်လှည့်

၁၄ ဒီဇင်ဘာ 

 

Southwest လေကြောင်းလိုင်းပိုင် လေယာဉ်ပေါ်မှာ လူသားနှလုံးကျန်ခဲ့တဲ့အတွက် စီယက်တဲမြို့ကနေ ဒဲလတ်စ် မြို့ကို ပျံသန်းနေတဲ့ လေယာဉ်ဟာ နောက်ကြောင်းပြန်လှည့်ခဲ့ရပါတယ်။ 

 

လေယာဉ်ဟာ မိုင်ပေါင်း ၆၀ဝ လောက်သွားပြီးပြီ ဖြစ်တဲ့အချိန်မှာ လေယာဉ်ဝန်ထမ်းတစ်ဦးက ကယ်လီဖိုးနီးယားကနေ စီယက်တဲမြို့ရှိ ဆေးရုံတစ်ရုံကို ပို့ဆောင်ခိုင်းတဲ့ ပါဆယ်အထုတ်ကို တွေ့တဲ့အတွက် လေယာဉ် ပြန်လှည့်ခဲ့တာ ဖြစ်ပါတယ်။ 

 

လေယာဉ်ကြောင်းလိုင်းက ပို့ဆောင်ခိုင်းတဲ့ ကုမ္ပဏီနာမည်နဲ့ တခြားအချက်လက်တွေကို ထုတ်ဖော်ပြောကြားခြင်း မရှိပါဘူး။ 

 

အခုလိုမျိုး သယ်ယူရေးမှာ အမှားအယွင်းရှိခဲ့တဲ့အတွက် လေထဲမှာ ၃ နာရီအပါအဝင် စုစုပေါင်း ၄ နာရီလောက် အချိန်ဖြုန်းခဲ့ရသလို ဖြစ်ခဲ့ပါတယ်။ ပညာရှင်တွေ အပြောအရ လူတစ်ယောက်ရဲ့ နှလုံးအစားထိုးဖို့အတွက် နှလုံးကို ၄နာရီနဲ့ ၆ နာရီကြား ပုံမှန်အားဖြင့် သိမ်းဆည်းထားရပါတယ်လို့ဆိုပါတယ်။ 

 

MDN
ကိုးကား- AFP