အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း ဗိုင်းရပ်စ် ပိုးတွေ့ရှိသူ ၆၃,၀၀၀ ရှိခဲ့ပြီးနောက် ဝါရှင်တန်မှာ အိမ်အပြင်ထွက်ရင် မျက်နှာဖုံးဝတ်ရန် အမိန့်ထုတ်

၂၃ ဇူလိုင်

 

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိသူအရေအတွက်မှာ  ၂၄ နာရီအတွင်း ၆၃,၀၀၀ ရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် ထုတ်ပြန်အချက်အရ သိရပါတယ်။

 

ဝါရှင်မြို့တော်ဝန်ကလည်း မြို့တော်အတွင်းမှာ နေထိုင်သူများဟာ နေအိမ်မှ အပြင်ကို ထွက်တာနဲ့ တစ်ပြိုင်နက် မျက်နှာဖုံးဝတ်ဆင်ရမယ်လို့ တင်းကျပ်တဲ့အမိန့်ကို တနင်္လာနေ့က ထုတ်ပြန်လိုက်ပါတယ်။

 

လူတိုင်းဟာ နေအိမ်ကနေ ထွက်တဲ့တစ်ပြိုင်နက် တခြားသူတွေနဲ့ ထိတွေဖို့ အခွင့်ရေးပိုများတဲ့အတွက် နေအိမ်မှ ထွက်ခွာရင် မျက်နှာဖုံးဝတ်ဆင်ရမယ်လို့ မြို့တော်ဝန်ရုံးရဲ့ ကြောညာချက်မှာ ပါရှိပါတယ်။

 

ဝါရှင်တန်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ စတင်များပြားလာတဲ့အတွက် အခုလို အမိန့်ထုတ်ပြန်တာ လို့သိရပါတယ်။  ဝါရှင်တန် ပြည်နယ်မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၅၀,၇၂၂ ဦးရှိပြီး သေဆုံးသူ ၁,၄၇၆ ဦးရှိပါတယ်။

 

အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း သေဆုံးသူ အရေအတွက် ၁,၀၅၉ ဦးရှိတဲ့အတွက် စုစုပေါင်း သေဆုံးသူ ၁၄၂,၉၄၂ ဦးရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

အခုသီတင်းပတ်တွေအတွင်းမှာ အမေရိကန်နိုင်ငံရဲ့ တောင်ဘက်နဲ့ အနောက်ဘက်ဒေသတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ များပြားလာပါတယ်။

 

ကယ်လီဖိုးနီးယားပြည်နယ်ဟာ အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အများဆုံးပြည်နယ်ဖြစ်လာပါတယ်။ ပြည်နယ်အတွင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ စုစုပေါင်း ၄၁၅,၀၀၀ နီးပါး ရှိပြီး သေဆုံးသူ ၇,၈၀၀ ကျော်ရှိကြောင်း သိရပါတယ်။

 

MDN

ကိုးကား- AFP