အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း ရောဂါပိုးတွေ့ရှိသူ ၂၂၅,၀၀၀ ကျော် တွေ့ရှိ

နယူးယောက်၊ ၅   ဒီဇင်ဘာ

 

အမေရိကန်နိုင်ငံမှာ ၂၄ နာရီအတွင်း သောကြာနေ့က ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိသူ ၂၂၅,၂၀၁  ဦး တွေ့ရှိရာ ပိုးတွေ့အများဆုံး ဒုတိယနေ့အဖြစ် မှတ်တမ်းတင်တဲ့ နေ့ဖြစ်လာကြောင်း ဒီနေ့(စနေနေ့) မှာ ထုတ်ပြန်ကြေညာပါတယ်။

 

ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ မှတ်တမ်းအရ သေဆုံးသူဟာ ၂,၅၀၆ ဦး သေဆုံးကြောင်း ဒီနေ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

ပြီးခဲ့တဲ့ လအတွင်းမှာ ပိုးတွေ့သူ ၂၀၀,၀၀၀ ကျော်တဲ့နေ့ သုံးရက်သာရှိပေမယ့် ဒီဇင်ဘာ  ၂ ရက်နဲ့ ၃ ရက် နေ့တွေ မှာပိုးတွေ့သူ  ၂၀၀,၀၀၀ ကျော်နဲ့ ၂၂၀,၀၀၀ ကျော် အသီးသီး ရှိနေခဲ့ပါတယ်။

 

အမေရိကန်နိုင်ငံမှာ လက်တလော သီတင်းပတ်တွေအတွင်းမှာ ပိုးတွေ့ရှိသူပမာဏာဟာ အဆမတန်များ လာတွေကို တွေ့ရပါတယ်။

 

တာဝန်ရှိသူတွေက နေအိမ်မှာနေထိုင်ကြဖို့ အကြံပေးထားပေမယ့် ကျေးဇူးတော်နေ့ Thanksgiving ကျင်းပရန် ပြီးခဲ့တဲ့ သီတင်းပတ်က ခရီးသွားကြတာကို တွေ့ရပြီးနောက် ပိုးတွေ့ရှိသူ ပိုများလာနိုင်ကြောင်း သတိပေးမှုတွေကလည်း ရှိနေခဲ့ပါတယ်။

 

ဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူဟာ နေ့စဉ် ၂,၀၀၀ ကျော်ရှိနေခဲ့တာ သီတင်း နှစ်ပတ်ရှိနေပြီ ဖြစ်ပါတယ်။

 

ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်က သူ သမ္မတ တာဝန်စယူချိန်မှာ ရောဂါပိုးကူးစက်နှုန်း လျှော့ချနိုင် ရန်အတွက် အမေရိကန်နိုင်ငံသားတွေကို မျက်နှာဖုံး ရက်ပေါင်း ၁၀၀ တိတိ ဝတ်ထားရန် တိုက်တွန်းသွားမယ်လို့ မနေ့က ပြောကြား ပါတယ်။

 

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူ ၁၄.၃ သန်းရှိပြီး သေဆုံးသူ ၂၇၈,၀၀၀ ကျော်သွားပြီဖြစ်ကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP