အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ တစ်နေ့ကို ၁ သိန်းအထိ ဖြစ်လာနိုင်ကြောင်း ကျွမ်းကျင်ပညာရှင်က သတိပေး

၁ ဇူလိုင်

 

 

အမေရိကန်နိုင်ငံမှာ ကပ်ရောဂါ နှိမ်နင်းမှုကို တာဝန်ရှိသူတွေနဲ့ ပြည်သူတွေ မလုပ်ခဲ့ရင် တစ်နေ့လျှင် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ တစ်သိန်းလောက်အထိ ဖြစ်သွားနိုင်ကြောင်း အမေရိကန်နိုင်ငံ အမျိုးသား ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင် အန်တိုနီဖော်စီက သတိပေးလိုက်ပါတယ်။

 

 

အမေရိကန်နိုင်ငံဟာ ကပ်ရောဂါထိန်းချုပ်ရေးမှာ ဦးတည်ချက် အမှားကို သွားနေတယ်။ အမေရိကန် ပြည်သူတွေ အနေနဲ့ မျက်နှာဖုံး ဝတ်ဆင်ဖို့နဲ့ လူများတဲ့ နေရာတွေကို ရှောင်ဖို့ သတိပေး လိုက်ပါတယ်။ ဒါ့အပြင် လက်တလောမှာ ကပ်ရောဂါကို အမေရိကန်နိုင်ငံ အနေနဲ့ လုံးဝထိန်းချုပ် နိုင်တဲ့အဆင့်မှာ ရှိမနေဘူး။ တစ်နေ့ကို ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၀ဝ,ဝ၀ဝ အထိ ဖြစ်လာရင်လည်း သူ့အနေနဲ့ အံ့အားသင့်မှာ မဟုတ်ကြောင်း ကျွမ်းကျင်ပညာရှင် အန်တိုနီဖော်စီက သတိပေး လိုက်တာဖြစ်ပါတယ်။

 

 

အင်္ဂါနေ့က ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၄၀,ဝ၀ဝ ရှိကြောင်း သိရပါတယ်။ အမေရိကန်နိုင်ငံ တောင်ပိုင်းနဲ့ မြောက်ပိုင်းရှိ ပြည်နယ်တွေမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ များလာတဲ့အတွက် အနည်းဆုံး ၁၆ ပြည်နယ်ဟာ စီးပွားရေး လုပ်ငန်းတွေ ပြန်လည် ဖွင့်လှစ်ရေး အစီအစဉ်ကို ရွှေ့ဆိုင်းထားကြောင်း သိရပါတယ်။

 

 

အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၁၂၆,ဝ၀ဝ ရှိပြီး ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၂.၆ သန်း ရှိနေချိန်မှာ ဉရောပနိုင်ငံ ၁၅ နိုင်ငံက ဇူလိုင် ၁ နေ့က စပြီး နယ်စပ်ဂိတ်တွေကို ပြန်ဖွင့်ပေးနေတာကို တွေ့ရပါတယ်။

 

 

အမေရိကန်နိုင်ငံ  အမျိုးသား ကူးစက်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင် အန်တိုနီဖော်စီ က ကပ်ရောဂါကို ပြီးဆုံးရန်အတွက် တစ်ဦးချင်းစီနဲ့ အသိုင်းအဝိုင်းတွေကနေ တာဝန်ယူမှုတွေကို ဒီထက်ပိုပြီး လုပ်ဆောင်ဖို့ လိုအပ်ကြောင်း အကြံပြုထားပါတယ်။

 

 

MDN

ကိုးကား - AFP