အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ နှစ်သန်းခွဲ ကျော်ရှိလာ

၂၈ ဇွန်

 

အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ (၂၄)နာရီအတွင်း ၄၃၀၀၀ ရှိပြီး စုစုပေါင်း ၂ သန်းခွဲကျော်ရှိလာကြောင်း သိရပါတယ်။

 

ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်မှာ ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၄၃၀၀၀ ရှိရာ စုစုပေါင်း ရောဂါပိုးတွေ့ရှိသူ ၂၅၉၆၇၇၀ ဦးရှိပြီး သေဆုံးသူဟာ စုစုပေါင်း ၁၂၈၁၅၂ ဦးရှိကြောင်း ပါရှိပါတယ်။  ကမ္ဘာမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူတွေက လေးပုံတစ်ပုံဟာ အမေရိကန်နိုင်ငံကလို့ ဆိုနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

 

ဖရော်ရေဒါပြည်နယ် တစ်ပြည်နယ်တည်းမှာပင် စနေနေ့က ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၉၅၈၅ ဦးရှိကြောင်း သိရပါတယ်။ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူရဲ့ အသက်အရွယ်ဟာလည်း လွန်ခဲ့တဲ့ နှစ်လက ၆၅ နှစ်အရွယ်ကနေ လက်ရှိမှာ ၃၃ နှစ်အရွယ်ထိ ကျဆင်းကြောင်း ပြောပါတယ်။ လူငယ်တွေဟာ အသွားအလာကန့်သတ်မှုတွေကြောင့် စိတ်ရှုပ်ထွေးလာပြီး အသွားအလာကန့်သတ်မှု ဖြေလျော့ချိန်မှာ ကမ်းခြေတွေ၊ ဘားတွေမှာ မျက်နှာဖုံးဝတ်ဆင်ခြင်းမရှိသလို တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေရေးကို စည်းမျဉ်းတွေကို လျစ်လျူရှုလာသလို ဖြစ်ကြောင်း သိရပါတယ်။ 

 

မီယာမီရှိတဲ့ ကမ်းခြေတွေကို  ဇူလိုင် ၄ ရက်နေ့ ရုံးပိတ်ရက်မှာ ပိတ်ထားမှာဖြစ်သလို ဘားတွေပါ အဲဒီနေ့မှာ ပိတ်ထားမယ်လို့ ကြေညာထားပါတယ်။

 

ဖလော်ရေဒါပြည်နည်းတူ ဂျော်ဂျီယာ၊ နီဗားဒါး၊ ဆောက်ကယ်လိုရိုင်းနား ပြည်နယ်တွေမှာ စနေနေ့က ရောဂါပိုးတွေ့ရှိသူ အရေအတွက်ဟာ မှတ်တမ်းတင်နိုင်တဲ့ အရေအတွက်ဖြစ်ကြောင်း သိရပါတယ်။

 

ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ တစ်ချို့နေရာတွေကို stay-at-home အမိန့်ထုတ်ထားစဉ်မှာ ဆန်ဖရန်စစ္စကိုမှာ ကန့်သတ်မှုတွေ ပြန်ဖွင့်ရေးအစီအစဉ်ကို ရပ်ဆိုင်းလိုက်ကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP