အမေရိကန်နိုင်ငံမှာ ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ ဒုတိယ ကမ္ဘာစစ်အတွင်း သေဆုံးသူ အရေအတွက်ထက် များသွားကြောင်း သိရ

၂၁ ဇန်နဝါရီ

 

 

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ အရေအတွက်ဟာ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့တဲ့ စစ်သည်အင်အားထက် များသွားကြောင်း သိရပါတယ်။

 

 

ဗုဒ္ဓဟူးနေ့မှာ သေဆုံးသူ ၄,၃၀၀ ကျော်ရှိကြောင်း ထုတ်ပြန်ရာ စုစုပေါင်း သေဆုံးသူ ၄၀၆,၀၀၁ ဦး ရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒုတိယကမ္ဘာစစ် ကာလအတွင်းမှာ ၄၀၅,၃၉၉ ဦး သေဆုံးကြောင်း စစ်ပြန်ဌာနရဲ့ စာရင်းအရ သိရပါတယ်။

 

 

သမ္မတကျမ်းကျိန်ဆိုအပြီး ပြောကြားတဲ့ ဘိုင်ဒန်ရဲ့မိန့်ခွန်းမှာ မဲမှောင်နေတဲ့ ဆောင်းရာသီကို ဖြတ်သန်းဖို့အတွက် အားလုံးမှာ ကြံ့ခိုင်တဲ့ အင်အားတွေ လိုအပ်ကြောင်း၊ သေဆုံးမှု အများဆုံးနဲ့ အခက်ခဲဆုံး ကပ်ရောဂါနဲ့ ရင်ဆိုင်နေရကြောင်း နိုင်ငံအား သတိပေးချက်တွေ ပါဝင်နေတာကို တွေ့ရပါတယ်။

 

 

ဗြိတိန်နိုင်ငံမှာ တွေ့ရှိခဲ့တဲ့ ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးအသစ် B.1.1.7 ဟာ လာမယ့်လတွေ အတွင်း ကူးစက်နိုင်ခြေရှိတဲ့အတွက် ဗိုင်းရပ်စ်ပိုး ကူးစက်မှု များလာနိုင်ကြောင်း ရောဂါပိုးထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာနက ထုတ်ပြန်ထားပါတယ်။

 

 

သမ္မတသစ် ဘိုင်ဒင်က ကပ်ရောဂါပိုးအား ကိုင်တွယ်ရာတွင် တွေ့ရှိတဲ့ သတင်းအချက်အလက်ကို အခြေခံပြီး ဖြေရှင်းသွားမယ်လို့ ပြောပါတယ်။ ကပ်ရောဂါကြောင့် ကျရောက်နေတဲ့အခက်အခဲတွေ ဖြေရှင်းနိုင်ရန်အတွက် အမေရိကန် ဒေါ်လာ ၁ ဒသမ ၉ ထရီလီယံ တန်ဖိုးရှိ ကယ်ဆယ်ရေး အစီအစဉ်ကို အောက်လွှတ်တော်က ခွင့်ပြုရန် သမ္မတသစ်က အဆိုပြုထားပါတယ်။

 

 

သမ္မတအဖြစ် ကျမ်းကျိန်ပြီးနောက် ၄၆ ယောက်မြောက် အမေရိကန်နိုင်ငံရဲ့ သမ္မတ ဘိုင်ဒင်ဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှု ထိန်းချုပ်ရန် ဖက်ဒရယ် အဆောက်အအုံတိုင်းမှာ မျက်နှာဖုံး ဝတ်ဆင်ရမယ်ဆိုတဲ့ အမိန့်ကို လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

 

 

MDN

ကိုးကား - AFP