အမေရိကန်နိုင်ငံမှာ  သုံးရက်ဆက်တိုက် ၂၄ နာရီအတွင်း ပိုးတွေ့ရှိသူ တစ်သိန်း ကျော်ရှိ

၇ နိုဝင်ဘာ

 

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၂၄ နာရီအတွင်း ၁၂၇,၀၀၀ ကျော် ရှိကြောင်း၊ သောကြာနေ့ဟာ  ၃ ရက်မြောက် ပိုးတွေ့ရှိသူ တစ်သိန်းကျော်တဲ့ နေ့ဖြစ်လာကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၂၇,၀၀ ကျော်နဲ့  သေဆုံးသူ ၁,၁၄၉ ဦး ရှိကြောင်း သောကြာနေ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

သောကြာနေ့မှာ သေဆုံးသူဟာ ၁,၁၄၉ ဦးရှိတဲ့အတွက် သေဆုံးသူ ၁,၀၀၀ ကျော်သေဆုံးသူ ၄ ရက်မြောက်နေ့ဖြစ်လာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရောဂါပိုးကြောင့် ပထမလှိုင်းထက် သေဆုံးသူနည်းတာ ကိုတွေ့ရပါတယ်။

 

အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ စုစုပေါင်း ၉.၇ သန်း  နဲ့  သေဆုံးသူ ၂၃၆,၀၀၀ ကျော် ရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ကိုရိုနာဗိုင်းရပ်ရောဂါပိုး ကာကွယ်ဆေးထုတ်လုပ်မယ့် ကုမ္ပဏီတွေဖြစ်တဲ့ Moderna နဲ့  Pfizer တို့က သူတို့ထုတ်လုပ်ထားတဲ့ ဆေးတွေကို အရေးအပေါ်အသုံးပြုရန်အတွက် တာဝန်ရှိသူတွေထံမှ  ခွင့်ပြုမိန့် ကို ဒီလကုန်ပိုင်းမှာ တောင်းခံဖို့ အဆင်သင့် ဖြစ်မယ်လို့ သိရပါတယ်။

 

ကာကွယ်ဆေးရရှိလာခဲ့ရင်တောင် အဲဒီဆေးဟာ အဟန့်အတားလောက်သာဖြစ်နိုင်တဲ့အတွက် လူတွေဟာ မျက်နှာဖုံးဝတ်ဆင်ခြင်း၊ လက်ဆေးခြင်း၊ ခပ်ခွာခွာနေခြင်းတွေကို ဆက်လက်လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ပြောပါတယ်။

 

MDN

ကိုးကား - AFP