အမေရိကန်နိုင်ငံမှာ တစ်ရက်တည်းနဲ့ ပိုးတွေ့ရှိသူ တစ်သိန်းနှစ်သောင်းကျော် ရှိကြောင်း ထုတ်ပြန်

၆ နိုဝင်ဘာ

 

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၂၄ နာရီအတွင်း ၁ သိန်းနှစ်သောင်းကျော် ရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

 

ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၁၂၃,၀၈၅ ဦးနဲ့ သေဆုံးသူ ၁,၂၂၆ ဦး ရှိကြောင်း ကြာသပတေးနေ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

 

ဗုဒ္ဓဟူးနေ့က ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ  ၉၉,၆၆၀ ဦးရှိခဲ့ပြီး ကြာသပတေးနေ့မှာ ဗုဒ္ဓဟူးနေ့က တွေ့ရှိခဲ့ရသူထက် ၂၃,၄၂၅ ဦးပိုများလာတဲ့အတွက် ၁၂၃,၀၈၅ ဦး ရှိလာကြောင်း သိရပါတယ်။

 

 

ကြာသပတေးနေ့မှာ သေဆုံးသူဟာ ၁,၂၂၆ ဦးရှိတဲ့အတွက် သေဆုံးသူ ၁,၀၀၀ ကျော်သေဆုံးသူ ၃ ရက်မြောက်နေ့ဖြစ်လာတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

 

 

အမေရိကန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ စုစုပေါင်း  ၉,၉၁၉,၅၂၂ ဦး နဲ့  သေဆုံးသူ ၂၄၀,၉၅၃ ဦး ရှိကြောင်း သိရပါတယ်။

 

 

 

MDN

ကိုးကား - AFP