အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့်ကလေးဦးရေ ၁၂ ဒသမ ၅ သန်းကျော်ရှိ

ဖေဖော်ဝါရီ ၂၃

 

အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့်ကလေးဦးရေ ၁၂ ဒသမ ၅ သန်းကျော်ရှိကြောင်း ယမန်နေ့က အေအေပီက သတင်းထုတ်ပြန်ထားသည်။

 

နိုင်ငံတစ်ဝန်းတွင် ဖေဖော်ဝါရီ ၁၇ ရက်အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့် ကလေးပေါင်း ၁၂၅၁၅၃၉၁ ဦးရှိပြီး အတည်ပြုကူးစက်မှုအားလုံး၏ ၁၉ ရာခိုင်နှုန်းရှိသည်ဟု ဖော်ပြထားသည်။

 

အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုအတွင်း အမေရိကန်နိုင်ငံတွင် ကလေးများအကြား ကိုဗစ်-၁၉ ရောဂါကူးစက်မှုသိသိသာသာမြင့်မားလာသည်။

 

ဇန်နဝါရီလကစတင်ကာ ကိုဗစ်ကူးစက်ခံကလေးဦးရေ ၄ ဒသမ ၆ သန်းကျော်ရှိခဲ့သည်။ ကလေးများ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုသည် ယခုသီတင်းပတ်အတွင်း ပိုမိုမြင့်မားလျက်ရှိသည်။

 

ပြီးခဲ့သည့် သီတင်းပတ်လေးပတ်အတွင်း နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့်ကလေးပေါင်း ၁ ဒသမ ၉ သန်းကျော်ရှိသည်။

 

နိုင်ငံအတွင်း ၂၈ ပတ်ဆက်တိုက် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့် ကလေးဦးရေ ၁၀၀၀၀၀ အထက်ရှိခဲ့သည်။ စက်တင်ဘာ ပထမပတ်မှစတင်ကာ ကိုဗစ်ကူးစက်ဖြစ်ပွားသည့်ကလေး ၇ ဒသမ ၅ သန်းနီးပါးရှိသည်ဟု အေအေပီ၏ထုတ်ပြန်ချက်အရ သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို