အမေရိကန်နိုင်ငံ၌ ပြီးခဲ့သည့်လအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် ကလေးဦးရေ ၂၇၀၀၀၀ နီးပါးရှိ

မတ် ၂၂

 

အမေရိကန်နိုင်ငံတွင် ပြီးခဲ့သည့်သီတင်းပတ်လေးပတ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် ကလေးပေါင်း ၂၇၀၀၀၀ နီးပါးရှိကြောင်း အမေရိကန်ကလေးဆေးပညာဆိုင်ရာတက္ကသိုလ် (အေအေပီ)နှင့် ကလေးများ၏ ဆေးရုံအသင်းက သတင်းထုတ်ပြန်ခဲ့သည်ဟု သိရသည်။

 

နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားချိန်မှစတင်ကာ ကိုဗစ်ရောဂါ ကူးစက်ခံရသည့် ကလေးဦးရေမှာ ၁၂ ဒသမ ၈ သန်းခန့်ရှိသည်။ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာအားလုံး၏ ၁၉ ရာခိုင်နှုန်းသည် ကလေးများဖြစ်ကြသည်။

 

စက်တင်ဘာလ ပထမသီတင်းပတ်မှစတင်ကာ ကိုဗစ်ကူးစက်ခံရသည့်ကလေးဦးရေသည် ၇ ဒသမ ၇ သန်း ကျော် ရှိလာခဲ့သည်ဟုဖော်ပြထားသည်။

 

ကိုဗစ်ဗီဇပြောင်းမျိုးကွဲအသစ်များနှင့် ဆက်စပ်သည့်ဖျားနာမှုများကို အကဲဖြတ်ရန် အသက်အရွယ်အလိုက် အချက်အလက်များကို စုဆောင်းရန် အရေးတကြီးလိုအပ်သည်ဟု အေအေပီက ဆိုသည်။

 

ကိုဗစ်ရောဂါကူးစက်မှုများသည် ကလေးများ၏ ကျန်းမာရေးအပေါ် လက်ငင်းအကျိုးသက်ရောက်သည်ကို သတိပြုရန်အရေးကြီးသော်လည်း မျိုးဆက်သစ်ကလေးသူငယ်များ၏ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် လူမှုဘဝသာယာရေးတို့အပေါ် ရေရှည်အကျိုးသက်ရောက်မှုများကို ဖော်ထုတ်ဖြေရှင်းရန် အရေးတကြီးလိုအပ်ကြောင်း အေအေပီက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို