အမေရိကန်နှင့် ဂျပန် မိုဘိုင်း ကုမ္ပဏီပူးပေါင်းပြီး ဒီဂျစ်တယ် မျက်မှန် တီထွင်မည်

၁၂ ဧပြီ

 

ဂျပန် မိုဘိုင်းကုမ္ပဏီတစ်ခုဖြစ်တဲ့ KDDI  နဲ့ အမေရိကန် ကုမ္ပဏီတစ်ခုတို့ ပူးပေါင်းပြီး ဒီဂျစ်တယ် မျက်မှန်ကို တီထွင်သွားမည်ဖြစ်ကြောင်း အန်အိတ်ချ်ကေ သတင်းအရသိရပါတယ်။

 

အဆိုပါ မျက်မှန်ကိုတပ်ဆင်ပြီး မျက်စိရှေ့က ပုံရိပ်တွေကို လိုအပ်သလို ထိန်းကျောင်းနိုင်မှာဖြစ်ပါတယ်။ မျက်မှန်ကို ကွန်ပျူတာဂိမ်းလို ဆောင်ရွက်နိုင်ဖို့ ဒီဇိုင်းရေးဆွဲ ထုတ်လုပ်သွားမှာဖြစ်ပြီး KDDI ကုမ္ပဏီဘက်က မျက်မှန်အတွက်  5 G ကွန်ရက် ကြိုးမဲ့ဆက်သွယ်ရေးစနစ်ကို ထောက်ပံ့ကူညီသွားမှာ ဖြစ်ပါတယ်။ မျက်မှန်ကိုတပ်ဆင်ပြီး ကားမောင်းနေစဉ် ယာဉ်လမ်းကြောင်း အချက်အလက်တွေကို စစ်ဆေးတာတွေ လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့ အန်အိတ်ချ်ကေ သတင်းတစ်ရပ်အရ သိရပါတယ်။

 

MDN