အမေရိကန်ပြည်ထောင်စု၌ လေဆင်နှာမောင်းများတိုက်ခတ်မှုကြောင့် လေးဦးထက်မနည်းသေဆုံး

ဧပြီ ၂၉

အမေရိကန်ပြည်ထောင်စုတောင်အလယ်ပိုင်းဒေသရှိ အိုကလာဟိုးမားပြည်နယ်တွင် အားပြင်းလေဆင်နှာမောင်း အများအပြား စတင်ဝင်ရောက်သည့် ဧပြီ ၂၇ ရက်နောက်ပိုင်း လူလေးဦးထက်မနည်း သေဆုံးကြောင်း အိုကလာဟိုးမားပြည်နယ် အုပ်ချုပ်ရေးမှူး ကီဗင်စတစ်က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ယမန်နေ့ကပြောကြားသည်။ ထိုလေဆင်နှာမောင်းသည်အိုကလာဟိုးမားတောင်ပိုင်းရှိ မာရေခရိုင် ဆာဖာမြို့တွင် အားပြင်းလေဆင်နှာမောင်း နှစ်ခုထက်မနည်း  ပြင်းထန်စွာတိုက်ခတ်ခဲ့သဖြင့် တစ်ဦးသေဆုံး၊ အခြား လူ ၃၀ ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များနှင့်အဆောက်အဦများ ပျက်စီးသွားခဲ့သည်။ ယင်းမြို့တွင် ရေကြီးရေလျှံမှုသတိပေးချက်လည်း ထုတ်ပြန်ထားသည်ဟု သိရသည်။ Holdenville မြို့တွင် နို့စို့အရွယ်ကလေးတစ်ဦးအပါအဝင် အခြားနှစ်ဦးသေဆုံးပြီး နေအိမ် ၁၄ လုံးထက်မနည်း ပျက်စီးခဲ့သည်။ အဝေးပြေးလမ်းပေါ်တွင် တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။ မစ်ဇူရီမြို့မှ တက္ကဆက်ပြည်နယ်အထိ မိုးသည်းထန်စွာရွာသွန်းခြင်း၊ ကြီးမားသောမိုးသီးများကျခြင်းနှင့် မုန်တိုင်းများ ဆက်လက်ဖြစ်ပေါ်နေချိန်တွင် လူပေါင်း ၄၇ သန်းနီးပါးသည် ယမန်နေ့က ရာသီဉတု ပြင်းထန်မှုနှင့်ကြုံတွေ့နေရသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို