အမေရိကန်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာများက ၁၄ ရက်ကြာ သီးသန့်ခွဲခြားနေထိုင်မှု ရက်အနည်း ငယ်လျှော့ချ

၃ ဒီဇင်ဘာ

အမေရိကန်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးစင်တာများ (စီဒီစီ)က ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရသူများနှင့် ထိတွေ့ခဲ့သူ အချို့ကို ၁၄ ရက်ကြာ သီးသန့်ခွဲခြားနေထိုင်မှု  ရက်အနည်းငယ် လျှော့ချခဲ့သည်။

 

ထိုရောဂါကူးစက်ခံရသူများနှင့် ထိတွေ့မှုရှိသူများသည် ရောဂါပိုးကင်းစင်ကြောင်း စစ်ဆေးတွေ့ရှိပြီးနောက် ၇ ရက်ကြာ တစ်ဦးတည်းသီးသန့် ခွဲနေထိုင်ရန်သာ လိုအပ်မည်ဟု ၎င်းအေဂျင်စီက ဆိုသည်။

 

ရောဂါစမ်းသပ်စစ်ဆေးမှု မခံယူသူများတွင် မည်သည့်ရောဂါလက္ခဏာမျှ မပြခဲ့ပါက ၁၀ ရက်ကြာ သီးသန့်ခွဲခြား နေထိုင်ပြီးနောက်တွင်  ကွာရန်တင်းကို ပြီးဆုံးစေမည် ဖြစ်သည်။

 

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကို လျှော့ချရန် အကောင်းဆုံးနည်းလမ်းအဖြစ် ၁၄ ရက်ကြာသီးသန့် ခွဲခြားနေထိုင်မှု  လျှော့ချရန် အကြံပြုနေဆဲဖြစ်သည်ဟု စီဒီစီ က ဆိုသည်။

 

သို့သော်လည်း စီဒီစီက ရောဂါကူးစက်မှု အခြေအနေများပေါ်မူတည်ကာ ကွာရန်တင်းကာလကို လျှော့ချနိုင်ကြောင်းကို အမေရိကန်ပြည်နယ်များရှိ ကျန်းမာရေးအာဏာပိုင်များထံ အသိပေးသွားမည် ဖြစ်သည်။

 

ခရီးသွားများအနေဖြင့် ခရီးမသွားခင် တစ်ရက်မှသုံးရက်အလိုနှင့် ခရီးမှပြန်လာပြီး သုံးရက်မှငါးရက်အကြားတွင် စမ်းသပ်စစ်ဆေးမှု ပြုလုပ်ရန်လည်း စီဒီစီက အကြံပြုထားသည်။

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို