အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ကိုဗစ်-၁၉ ကူးစက်ခံရမှုမှ သက်သာလာပြီဖြစ်၍ မကြာမီဆေးရုံမှ ဆင်းရနိုင်ကြောင်း ဆေးအဖွဲ့ပြော

ဝါရှင်တန်  ၆  အောက်တိုဘာ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကိုဗစ်-၁၉ ရောဂါခံစားနေရမှုအခြေအနေ ကောင်းမွန်နေသောကြောင့် ယခုပုံစံအတိုင်းသာ ဆက်လက်တည်ငြိမ်ကောင်းမွန်နေမည်ဆိုပါက မကြာမီဆေးရုံမှ ဆင်းရနိုင်ကြောင်း ၎င်း၏ ဆေးဘက်ဆိုင်ရာအဖွဲ့က ပြောကြားလိုက်သည်။

သူ့အနေဖြင့် ယနေ့လို အခြေအနေမျိုးအတိုင်းသာ ကောင်းမွန်နေမည်ဆိုပါက မကြာမီ ဆေးရုံမှဆင်းပြီး အိမ်ဖြူတော်သို့ ပြန်ရနိုင်ကြောင်း၊ အိမ်ဖြူတော်၌ပင် ဆေးကုသမှု ဆက်လက်ခံယူနိုင်ကြောင်း တနင်္ဂနွေနေ့ သတင်းစာရှင်းလင်းပွဲတွင် ၎င်း၏ဆေးအဖွဲ့က ပြောကြားလိုက်သည်။

အသက် ၇၄ နှစ်ရှိ အမေရိကန်သမ္မတဒေါ်နယ်ထရမ့် သည် ကြာသပတေးနေ့က ကိုဗစ်-၁၉ ကူးစက်ခံခဲ့ရပြီး နောက်တစ်နေ့ အောက်တိုဘာ ၂ ရက်တွင် စစ်ဆေးရုံ တက်ကာ ဆေးကုသမှုခံယူခဲ့သည်။

အောက်တိုဘာ ၄ရက်ညနေပိုင်းက အမေရိကန်သမ္မတ ထရမ့်သည် နှာခေါင်းစည်းတပ်ဆင်ပြီး ဝေါ်လ်တာရိဒ် အမျိုးသားစစ်ဆေးရုံ ဆေးဘက်ဆိုင်ရာဌာန အပြင်ဘက်သို့ ယာဉ်တန်းဖြင့် ခဏတာထွက်ခွာခဲ့ပြီး ၎င်း နေအမြန် ပြန်လည် ကောင်းမွန်စေရန် ဆန္ဒပြုနေသည့် ထောက်ခံသူများကို လက်ဝှေ့ယမ်းနှုတ်ဆက်ခဲ့သည်။

ကားအတွင်း သမ္မတထရမ့် လိုက်ပါစီးနင်းလာချိန်တွင် ထောက်ခံသူများက ပျော်ရွှင်စွာ တုံ့ပြန်ခဲ့ကြသည်။ ၎င်း၏ အပြုအမူအနေအထိုင်နှင့်ပတ်သက်ပြီး ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများ၏ တုံ့ပြန်ပြောဆိုခြင်းနှင့် ချက်ချင်း ကြုံတွေ့ခဲ့ရသည်။ ၎င်း၏ အခြေအနေနှင့်ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ကြီးထွားနေသော်လည်း သမ္မတထရမ့်၏ ပုံစံသည် ယခင်ဗီဒီယိုမှာ ဖော်ပြခဲ့သည့်ပုံစံထက် ပိုမိုကောင်းမွန်ပုံပေါ်ကြောင်း သိရသည်။

တွစ်တာဗီဒီယိုတွင် အမေရိကန်သမ္မတ ထရမ့်က ဗိုင်းရပ်စ်ကြောင့်ဖြစ်စေသည့် အသက်ရှူလမ်းကြောင်း ဆိုင်ရာ ဖျားနာမှုရောဂါခံစားရခြင်းသည် စိတ်ဝင်စားစရာကောင်းသော ခရီးတစ်ခုကို သွားရသလိုပဲဟု ပြောကြား လိုက်သည်။ မိမိအနေဖြင့် ကိုဗစ်-၁၉ကို အများကြီးလေ့လာခဲ့ရကြောင်း၊ တကယ့်စာသင်ကျောင်းကို လက်တွေ့သွားပြီး လေ့လာခဲ့ခြင်းဖြစ်ကြောင်း၊ စာအုပ်ဖတ်ဖို့ဆိုသည့် ကျောင်းမဟုတ်ဘဲ တကယ့်လက်တွေ့ ကျောင်းဖြစ်သည့်အတွက် ကိုဗစ်-၁၉ ကို တကယ့်ကိုနားလည်ခဲ့ကြောင်း သမ္မတထရမ့် က ပြောကြားလိုက်သည်။

ထရမ့်သည် ကိုဗစ်-၁၉ ကို လျှော့တွက်ခဲ့ပြီး ကာကွယ်လေ့လာခဲ့ခြင်းဖြစ်ကြောင်း၊ စာအုပ်ဖတ်ဖို့ဆိုသည့် ကျောင်း မဟုတ်ဘဲ တကယ့်လက်တွေ့ကျောင်းဖြစ်သည့်အတွက် ကိုဗစ်-၁၉ ကို တကယ့်ကိုနားလည်ခဲ့ကြောင်း သမ္မတထရမ့် က ပြောကြားလိုက်သည်။

ထရမ့်သည် ကိုဗစ်-၁၉ ကို လျှော့တွက်ခဲ့ပြီး ကာကွယ်တားဆီးရန် နှာခေါင်းစည်းမတပ်ဆင်သည့်အတွက် ဝေဖန်မှု များနှင့် ရင်ဆိုင်ခဲ့ရသည်။

ယခုအခါတွင် အမေရိကန်ပြည်ထောင်စုတွင် ကိုဗစ်၁၉ ကူးစက်ခံရသူ ၇ ဒသမ ၄ သန်းရှိပြီး သေဆုံးသူ ၂၁၀၀၀၀ ကျော်ရှိကြောင်း သိရသည်။

ကျိုတို