အမျိုးသား မီတာ ၁ဝဝဝဝ စကိတ်စီးပြိုင်ပွဲတွင် ဆွီဒင်မှ နေးလ်ဗန်ဒါပိုလ် ကမ္ဘာ့စံချိန်ချိုး

ဆွီဒင်နိုင်ငံမှ နေးလ်ဗန်ဒါပိုလ်သည် ပေကျင်းဆောင်းရာသီအိုလံပစ် ပြိုင်ပွဲ အမျိုးသား မီတာ ၁၀၀၀၀ စကိတ်စီးပြိုင်ပွဲတွင် ဖေဖော်ဝါရီ ၁၀ ရက်က ကမ္ဘာ့စံချိန်သစ်တင်နိုင်ခဲ့သည်ဟုသိရသည်။ အသက် ၂၅ နှစ်အရွယ် ဗန်ဒါပိုလ်သည် မီတာ ၅၀၀၀ တွင် ရွှေတံဆိပ်ဆုရရှိထားသူလည်း ဖြစ်သည်။

၁၂ မိနစ် ၃၀ ဒသမ ၇၄ စက္ကန့်ဖြင့် စံချိန်ချိုးခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ၎င်း၏ ယခင်စံချိန်မှာ ၁၂ မိနစ် ၃၂ ဒသမ ၉၅ စက္ကန့် ဖြစ်သည်။ ဒတ်ချ်လူမျိုး စကိတ်စီးသမား ပက်ထရစ်ရို့စ် က ၁၂ မိနစ် ၄၄ ဒသမ ၅၉ စက္ကန့်ဖြင့် ငွေတံဆိပ်ရရှိခဲ့ပြီး အီတလီနိုင်ငံမှ ဒါဗီဒီယိုတိုက ၁၂ မိနစ် ၄၅ ဒသမ ၉၈ စက္ကန့်ဖြင့် တတိယနေရာတွင်ရပ်တည်နိုင်ခဲ့သည်။

အောင်