အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်သန်း ဗြိတိန်သံအမတ်ကြီး H. E. Mr. Daniel Patrick Chugg အား လက်ခံတွေ့ဆုံ

နေပြည်တော် ၅ ဇူလိုင်

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် မြန်မာနိုင်ငံဆိုင်ရာဗြိတိန်နိုင်ငံ သံအမတ်ကြီး H. E. Mr. Daniel Patrick Chugg အားယနေ့ မွန်းလွဲ ၂ နာရီက နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ တိုးမြှင့်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံလွှတ်တော်များ၏ လုပ်ငန်းစဉ်များ၊ ကော်မတီများ၏ ဆောင်ရွက်ချက်များ၊ လွှတ်တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီထောက်ပံ့ပေးမှုအခြေအနေများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ စွမ်းရည်မြှင့်တင်မှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးခင်မင်စွာ ဆွေးနွေးခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသားလွှတ်တော်ရုံးမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)