အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

နေပြည်တော် ဒီဇင်ဘာ ၂၇

အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူအား လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ်၊ စံပြကျေးရွာနေ ဒေါ်မေးဟိတ်က ရှမ်းပြည်နယ်၊ ကွမ်းလုံမြို့နယ်နေ ချွေးမဖြစ်သူ မ xxx ၊ ၂၁ နှစ်ကို တရုတ်လူမျိုးတစ်ဦးထံမှ ယွမ် (၃၀၀၀၀) ချေးယူထားသဖြင့် အလုပ်လုပ်၍ ဆပ်ပေးရန် ပြောဆိုစည်းရုံးပြီး တရုတ်အမျိုးသားထံ ပို့ဆောင် ရောင်းစားခဲ့သဖြင့် ကွမ်းလုံမြို့မရဲစခန်း (ပ) ၂၁/ ၂၀၂၀၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး လားရှိုးခရိုင်တရားရုံးသို့ တရားစွဲ တင်ပို့ခဲ့ရာ ဒီဇင်ဘာ ၂၃ ရက်တွင် တရားခံ  ဒေါ်မေးဟိတ် ကို လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ်ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်