အမ်းမြို့နယ်၌  (COVID-19)ကူးစက်ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

အမ်း  ၂၄ သြဂုတ်

 

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၌ (COVID-19) ကူးစက်ရောဂါ ကူးစက်ပြန့်နှံ့မှု မဖြစ်ပေါ်စေရေးအတွက် မြို့နယ်အဆင့် (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ၏ စီစဉ်ဆောင်ရွက်မှုဖြင့် မြို့နယ် (COVID-19) ရောဂါ အသိပညာပေးရေးနှင့် သတင်းစုဆောင်းထုတ်ပြန်ရေး လုပ်ငန်းကော်မတီ အဖွဲ့ဝင်များနှင့် မြို့နယ်အမျိုးသမီးရေးရာ အသင်းတို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ၊ ကျေးရွာများရှိ ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ကြရန် အသိပညာပေးလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက သွားရောက်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် (COVID-19) ကူးစက်ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အသိပညာပေး နံရံကပ် စာစောင်များအား (Mobile Bus) ဖြင့် လှည့်လည်ပြသခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များအား အသံချဲ့စက်ဖြင့် အသိပေး နိုးဆော်ပေးခြင်း ဒေသခံပြည်သူများအနေဖြင့် မဖြစ်မနေ အပြင်ထွက်ရပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက်များနှင့်အညီ ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ခြင်း ရှိ/မရှိ (Mask) တပ်ဆင်ခြင်းမရှိပါက ဒဏ်ငွေ(၁၀၀၀/)ပေးဆောင်ကာ (Mask)တပ်ဆင် ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

 

၎င်းအပြင် အမ်းမြို့နယ်အဝင် ပဲပဒုံ စစ်ဆေးရေးပူးပေါင်းဂိတ်တွင် ဝင်ရောက်လာသော ကားများ၌ပါရှိသည့် ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ ခရီးသွားရာဇဝင် စာရင်းကောက်ယူခြင်း၊ (Mask) စနစ်တကျတပ်ဆင်စေရန် အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြသည်။

 

စိုးမင်းထွန်း