အမြန်လမ်း မိုင်တိုင်အမှတ် ၁၆/၇ နှင့် ၁၆/၆ အကြားတွင် Canter ယာဉ်တစ်စီး စလစ်ဖြစ်ကာ တိမ်းမှောက်မှုဖြစ်ပွား၊ထိခိုက်ဒဏ်ရာရသူ မရှိ

၁၉ ဇွန်

 

လှည်းကူးမြို့နယ်၊ အမှတ်(၃)အမြန်လမ်းမကြီး ရဲစခန်းအပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၆/၇ နှင့် ၁၆/၆ အကြားတွင် ယနေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ကျော်လွင်စိုး ၃၀ နှစ်၊ တောင်ဒဂုံမြို့နယ်နေသူ မောင်းနှင်ပြီး ထက်ဝေယံအောင်၊ ၂၈နှစ်၊ မြောက်ဥက္ကလာပမြို့နယ်နေသူတို့ လိုက်ပါလာသော ယာဉ်အမှတ် 4E/---- Canter အဖြူရောင်ယာဉ်သည် မောင်းနှင်နေစဉ် စလစ်ဖြစ်ကာ လမ်းဘေးမြေသားလမ်းဘေးသို့ ထိုးကျတိမ်းမှောက်သွားခဲ့သည်။

 

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါသူတို့ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် အမှတ်(၃)အမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမကြီး မီးသတ်တပ်ဖွဲ့ဝင်များ၊ အထောက်အကူပြုအဖွဲ့များမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိပါသည်။

 

MDN