အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များ အရေးယူ

mdn

နေပြည်တော်  ၂၂   နိုဝင်ဘာ

 

အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာလ ၂၀ ရက်နေ့ ည ၆ နာရီ မှ နိုဝင်ဘာ ၂၁ ရက်နေ့ ညနေ ၅ နာရီအထိ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်၌ မောင်းနှင် လျက်ရှိသည့် ယာဉ်များအား စစ်ဆေးခဲ့ရာ လှည်းကူးမြို့နယ်၊ အမှတ်(၃)လမ်းဆုံတိုးဂိတ်၌ သတ်မှတ် မိုင်နှုန်းထက် ပိုမိုမောင်းန်ှင်သော မော်တော်ယာဉ် ၇ စီး၊ ဘောနတ်ကြီး မီနီတိုးဂိတ်၌ မော်တော်ယာဉ် ၂ စီး၊ ဖြူးတိုးဂိတ်၌ မော်တော်ယာဉ် ၅ စီး၊ နေပြည်တော်တိုးဂိတ်၌ မော်တော် ယာဉ် ၁၂ စီး၊ သီးကုန်းတိုးဂိတ်၌ မော်တော်ယာဉ် ၂ စီး၊ စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ် ၄ စီး၊ စုစုပေါင်း ၃၂ စီး ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်းတရားရုံးများသို့ တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

(ရဲပြန်ကြား)