အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များ အရေးယူထား

နေပြည်တော် ၂၀ ဒီဇင်ဘာ

 

အမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာလ ၁၈ ရက်နေ့ ည ၆ နာရီမှ  ၁၉ ရက်နေ့ ညနေ ၅ နာရီထိ အမြန်လမ်းမကြီးပေါ်တွင် မောင်းနှင်သွားလာလျက်ရှိသော ယာဉ်များအား စစ်ဆေးဆောင်ရွက်စဉ် ရန်ကုန်-မန္တလေးအမြန်လမ်း လှည်းကူးမြို့နယ် အမှတ်(၃) လမ်းဆုံတိုးဂိတ်၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော မော်တော်ယာဉ် ၅ စီး၊ ဘောနတ်ကြီးမီနီတိုးဂိတ်၌ မော်တော်ယာဉ် ၁ စီး၊ ဖြူးတိုးဂိတ်၌ မော်တော်ယာဉ် ၅ စီး၊ နေပြည်တော် တိုးဂိတ်၌ မော်တော်ယာဉ် ၁၅ စီး၊ ပန်းတင်မောင်းတံ ဂိတ်၌ မော်တော်ယာဉ် ၁ စီး၊ သီးကုန်းတိုးဂိတ်၌ မော်တော်ယာဉ် ၁ စီး၊ စုစုပေါင်း ၂၈ စီး ဖမ်းဆီးရမိခဲ့ပြီး ယာဉ်စည်းကမ်း တရားရုံးများသို့ တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

 

MDN