အမြန်လမ်း၌ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များအား အရေးယူထား

နေပြည်တော် ၁၉ ဒီဇင်ဘာ

 

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သောယာဉ်များအား စစ်ဆေး အရေးယူလျက်ရှိရာ ဒီဇင်ဘာ ၁၇ ရက် ညနေ ၆ နာရီမှ ဒီဇင်ဘာ  ၁၈ ရက်နေ့ ညနေ ၅ နာရီထိ လှည်းကူးမြို့နယ် အမှတ်(၃) လမ်းဆုံတိုးဂိတ်၌ မော်တော်ယာဉ် ၁ စီး၊ ဖြူးတိုးဂိတ်၌ မော်တော်ယာဉ် ၄ စီး၊ နေပြည်တော်တိုးဂိတ်၌ မော်တော်ယာဉ် ၁၁ စီး၊ သီးကုန်းတိုးဂိတ်၌ မော်တော်ယာဉ် ၂ စီး တို့အား ယာဉ်စည်းကမ်းတရားရုံးများသို့ တရားစွဲတင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

MDN