အမြန်လမ်းတွင် မော်တော်ယာဉ်ရပ်၍ အိပ်နေသူများထံမှ လုယက်သူများအား အမှုဖွင့်အရေးယူ

နေပြည်တော် ၂၈ မတ်

 

မတ် ၂၇ ရက် နံနက် နာရီခွဲက တိုက်ကြီးမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာနေ အောင်မိုး (၅၀)နှစ်နှင့် ဇနီးဖြစ်သူ နန်းစန်းစန်းညွှန့် (၄၉)နှစ်တို့သည် YGN-5I/XXXX LIGHT TRUCK ယာဉ်အား ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၉၁/ အနီးတွင် လမ်းဘေးချရပ်ကာ ယာဉ်ပေါ်၌အိပ်နေစဉ် အမည်မသိ အမျိုးသား()ဦး ရောက်ရှိလာပြီး ယာဉ်အား စစ်ဆေးမည်ဖြစ်ကြောင်း ပြောဆိုသဖြင့် ယာဉ်၏ရှေ့တံခါးအားဖွင့်ပေးရာ အမျိုးသား()ဦးမှ ယာဉ်၏ရှေ့ခေါင်းခန်းအတွင်း ထည့်ထားသော မြန်မာငွေ ကျပ် ၂၈၀၀၀၊ OPPO အမျိုးအစား အနီရောင် ဖုန်း()လုံး၊ ဦးအောင်မိုးအမည်ပါ မှတ်ပုံတင် ()ခု၊ ယာဉ်မောင်းလိုင်စင် ()ခု၊ တပ်ထွက် စာအုပ်()အုပ်၊ အနက်ရောင်စလင်းဘတ် လက်ကိုင်အိတ် ()လုံး၊ ဒေါ်နန်းစန်းစန်းညွှန့် ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုး()ကုံးတို့အား ဖြုတ်ယူကာ ထွက်ပြေးသွားကြောင်း သိရသည်။

 

၎င်းနောက် အနီးပတ်ဝန်းကျင်သို့ လိုက်လံကြည့်ရှုခဲ့ရာ YGN-5F/XXXX  PROBOX ယာဉ်အား အနီးနားတွင် တွေ့ရှိကြောင်း လာရောက်သတင်းပေး တိုင်တန်းခဲ့သဖြင့် မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စုံစမ်း စစ်ဆေးရှာဖွေခဲ့ရာ နာရီခွဲတွင် မိုင်တိုင်အမှတ် (၄၆/) အနီးတွင် YGN-5F/XXXX  PROBOX ယာဉ်အား တွေ့ရှိသဖြင့် ရပ်တန့်စစ်ဆေးခဲ့ကြောင်း၊ ယာဉ်မောင်းဖြစ်သူ ရွှေပြည်သာမြို့နယ်၊ (၂၃)ရပ်ကွက်နေ အောင်မျိုးကျော် (၄၁)နှစ်နှင့် သာတင့်ဇော် (၃၈)နှစ်တို့အား ရှာဖွေရာ မြန်မာငွေ ကျပ် ၂၃၀၀၀၊ OPPO ဖုန်း()လုံး၊ ရွှေဆွဲကြိုး ()ကုံးတို့အား တွေ့ရှိခဲ့ပြီး စစ်ဆေးမေးမြန်းရာ ဒိုက်ဦးမြို့နယ်၊ ကတုတ်ရွာမနေ အောင်ဆန်းထူး (၄၀)နှစ်၊ မောင်ဇော် (၄၀)နှစ်တို့နှင့်အတူ ပူးပေါင်းလုယက်ခဲ့ကြောင်း ပေါ်ပေါက်သဖြင့် အရေးယူပေးပါရန် တိုင်တန်းချက်အရ အောင်မျိုးကျော်ပါ ()ဦးအား မြို့ချောင်းအမြန်လမ်းမကြီးရဲစခန်းမှ အမှုဖွင့်အရေးယူထားရှိကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား