အမြန်လမ်းတွင် မန္တလာမင်းခရီးသည်တင်ယာဉ်နှင့် လိုက်ထရပ်ယာဉ်တို့ တိုက်မိ၊ ၆ ဦးဒဏ်ရာရ

နေပြည်တော် ၃၁ ဇူလိုင် 


ရန်ကုန်-နေပြည်တော်လမ်း မိုင်တိုင် ၅၇/ဝ အနီးတွင် ယနေ့ နံနက် ၄ နာရီက မန္တလာမင်းခရီးသည်တင်ယာဉ်နှင့် လိုက်ထရပ်ယာဉ်တို့ တိုက်မိမှုဖြစ်ပွားခဲ့ရာ လိုက်ထရပ်ယာဉ်ပေါ်မှ အမျိုးသား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

 

ယာဉ်မောင်း ကျော်သူမြင့် ၃၃ နှစ် ပေါက်ကုန်းရပ်ကွက် မင်္ဂလာဒုံမြိုနယ်နေသူ မောင်းနှင်လာသည့် မန္တလာမင်း Express 5Q/---- ယာဉ်သည် ယာဉ်ကျော်တက်စဉ် ရှေ့မှမောင်းနှင်သော ယာဉ်မောင်း ဦးဝင်းကို(၆၀) နှစ် ရွှေဘိုမြို့ (၂)ရပ်ကွက်နေသူ မောင်းနှင်လာသည့် 8H/-----လိုက်ထရပ် ယာဉ်မှာ ယာဉ်ကြောမှ ထွက်လာသဖြင့် နောက်ယာဉ်မန္တလာမင်းမှ လိုက်ထရပ်ယာဉ်အား ခါးဖြတ်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယာဉ်တိုက်မှုကြောင့် မန္တလာမင်းခရီးသည်တင်ယာဉ်ပေါ်ပါ ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ လိုက်ထရပ်ယာဉ်ပေါ်ပါ အမျိုးသား ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ 


MDN

 

1