အမရပူရမြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ၇ ဧပြီ

 

 

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၆ ရက် ညနေ ၅ နာရီတွင် အမရပူရမြို့နယ်၊ စွယ်တော်ဘုရား အရှေ့ဘက်မုခ်ဦးအနီး၊ ၆၈ လမ်းတွင် ကျော်ထက်အောင် မောင်းနှင်ပြီး သူရိန်ဝင်း လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၉၀၀ နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

 

ကွင်းဆက်အရ စဉ့်ကိုင်မြို့နယ်၊ ညောင်ပင်ကြီးကျေးရွာအုပ်စု၊ ညောင်ပင်ကြီးကျေးရွာ၊ ရန်ကုန်-မန္တလေး လမ်းဟောင်းဘေးရှိ သူရိန်ဝင်း၏နေအိမ်အား သွားရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀ ကို ထပ်မံသိမ်းဆည်းရမိသဖြင့် သူရိန်ဝင်း (၃၂)နှစ်နှင့် ကျော်ထက်အောင် (၃၂)နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

 

ရဲပြန်ကြား