အင်အား ရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှား

အောက်တိုဘာ  ၅

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄)နာရီ၊ (၁၉)မိနစ်၊ (၅၀)စက္ကန့် အချိန်တွင် တမူးမြေငလျင်စခန်းမှ မြောက်-အရှေ့မြောက်ဘက် (၉၆)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (လေရှီးမြို့၏ အရှေ့-အရှေ့တောင်ဘက် (၇)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၅.၄၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၀၇)ဒီဂရီ၊ အနက်(၇၉) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

Crd>>>မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန