အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှား

mdn

၁ ဖေ‌ဖော်ဝါရီလ

၂၀၂၀ ပြည့်နှစ်၊ ဖေ‌ဖော်ဝါရီလ ၁ ရက်၊ မြန်မာစံတော်ချိန် (၀၈)နာရီ၊ (၂၇)မိနစ်၊ (၃၅) စက္ကန့်အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အရှေ့ဘက် (၃၄)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (သပိတ်ကျင်းမြို့၏ မြောက်-အရှေ့မြောက်ဘက် (၂၁)မိုင်ခန့်အကွာ)၊ မြောက် လတ္တီတွဒ် (၂၃.၁၉)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၅)ဒီဂရီ၊ အနက်(၄)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃.၅)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

 

မိုး/ဇလ