အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှား

နေပြည်တော် ၇ မတ်


၂၀၂၀ ပြည့်နှစ်၊ မတ်လ (၇) ရက်နေ့၊ မြန်မာစံတော်ချိန် (၁၀) နာရီ၊ (၃၅) မိနစ်၊ (၄၂) စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အရှေ့ဘက် (၃၅) မိုင် ခန့်ကွာဝေးသော၊ မြန်မာနိုင်ငံ ပြည်တွင်း သပိကျင်မြို့၏ မြောက်-အရှေ့မြောက်ဘက် (၂၂)မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃.၁၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.ဝ၇) ဒီဂရီ၊ အနက် (၆) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိပါသည်။

Crd-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန