အင်အားပြင်း တိုင်ဖွန်းမုန်တိုင်းဟိုင်ရှန်ကြောင့် ဂျပန်နိုင်ငံတွင် လေးဦးပျောက်ဆုံးပြီး ၅၀ ကျော် ဒဏ်ရာရ

တိုကျို ၈ စက်တင်ဘာ

 

အင်အားပြင်းထန်သည့် တိုင်ဖွန်းမုန်တိုင်း ဟိုင်ရှန်သည် ဂျပန်နိုင်ငံ ကျူရှူးကျွန်း အနောက်တောင်ပိုင်းသို့ ဝင်ရောက်ခဲ့ရာ လူလေးဦး ပျောက်ဆုံး လျက်ရှိပြီး ၅၀ ကျော် ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

 

ထို့ပြင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်ပြီး သယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် နှောင့်နှေးမှုများ ဖြစ်ပေါ်လျက် ရှိသည်။ အသက် ၆၀ ဝန်းကျင် အမျိုးသားတစ်ဦး၊ အသက် ၃၀ အရွယ် သားဖြစ်သူနှင့် ဗီယက်နမ်နိုင်ငံသားနှစ်ဦးတို့ ပျောက်ဆုံးလျက်ရှိသည်။ ကျူရှူးကျွန်းမှ လူပေါင်း ၅၂ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး ကာဂိုရှီးမားနှင့် နာဂါဆာကီခရိုင်တို့တွင် နေအိမ်ပေါင်း ၄၇၅၀၀၀ မှာ ယာယီအားဖြင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် ရင်ဆိုင်နေရသည် ဟု ကျူရှူးလျှပ်စစ်ဓာတ်အားကုမ္ပဏီ က ပြောသည်။

 

ဟိုင်ရှန်မုန်တိုင်းသည် ကိုရီးယား ကျွန်းဆွယ်သို့ ဦးတည်သွားသော်လည်း ဂျပန်နိုင်ငံတွင် မိုးအဆက်မပြတ် ရွာသွန်းခြင်းများ၊ လေပြင်းတိုက်ခတ်ခြင်းနှင့် အချို့သောနေရာများတွင် ဒီရေတက်ခြင်းများ ကြုံတွေ့လာနိုင်ဖွယ်ရှိသည်ဟု ဂျပန် မိုးလေဝသအေဂျင်စီက သတိပေးထားသည်။ စက်တင်ဘာ ၇ ရက် မွန်းလွဲပိုင်းတွင် အဆိုပါ တိုင်ဖွန်းမုန်တိုင်းသည် မြောက်ဘက်သို့ ၅၀ ကီလိုမီတာနှုန်းဖြင့် ကိုရီးယား ကျွန်းဆွယ် အရှေ့ဘက်ကမ်းရိုးတန်း သို့ ရွေ့လျားနေသည်။ ။

 

အဆိုပါမုန်တိုင်းသည် အလွန်အင်အားပြင်းထန်သည့် မုန်တိုင်းမှ အင်အားပြင်းထန်သည့် မုန်တိုင်းအဖြစ် သို့ လျော့ကျသွားကြောင်း သိရသည်။

ကျိုဒို