အင်အားရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခတ်

၇ သြဂုတ်

ယနေ့ မြန်မာစံတော်ချိန် (၀၀)နာရီ၊ (၅၆)မိနစ်၊ (၄၂) စက္ကန့်အချိန်တွင် အင်အားရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားပါသည်။

 

အဆိုပါ မြေငလျင်သည် ကသာ မြေငလျင်စခန်းမှ မြောက်-အနောက်မြောက်ဘက် (၃၇)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (မိုးညှင်းမြို့၏ အနောက်တောင်ဘက် (၈)မိုင် ခန့်အကွာ)၊ မြောက် လတ္တီတွဒ် (၂၄.၇၂)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၂၅)ဒီဂရီ၊ အနက် (၃)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း သိရသည်။

#မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန