အင်းစိန်မြို့နယ် အောင်ဆန်း  ဈေးသူ/ဈေးသားနှင့် ဈေးဝယ်သူများကို အဝတ်နှာခေါင်းစည်းများ ဖြန့်ဝေ

ရန်ကုန် ၉  မေ        

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းဈေးတွင် ယနေ့နံနက် ၇နာရီခွဲက ဈေးအတွင်း အရောင်းအဝယ် ပြုလုပ်လျက်ရှိသည့် ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်သူများကို အဝတ်နှာခေါင်းစည်း ၃၀၀ ခု ဖြန့်ဝေပေးခဲ့သည်။

 

အဝတ်နှာခေါင်းစည်းများကို အင်းစိန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦးက ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့၊ ဈေးဌာနစုမှူး/ EO အဖွဲ့နှင့် ဈေးဝန်ထမ်းတို့မှ ဖြန့်ဝေပေးခဲ့ကြသည်။

 

ဖြန့်ဝေရာတွင် ကိုဗစ်-၁၉ ရောဂါကို မိမိကစ ကာကွယ်ရန်အတွက် မိမိအသိတရားဖြင့် နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုကြပါရန် အသိပေးစကားကိုလည်း ပြောကြားခဲ့ကြ ကြောင်းသိရှိရသည်။

 

ဆုလှိုင်(ပြန်/ဆက်)