အင်းစိန်မြို့နယ်၊ Super Sunday လှုမှုကူညီရေးအသင်းရှိ လူနာတင်ယာဉ် (၉)စီးအတွက် Engine Oil များ လှူဒါန်း

ရန်ကုန်၊ ၁၇ ဒီဇင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်ရှိ Super Sunday လှုမှုကူညီရေး အသင်းအနေဖြင့် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများနှင့်ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ လူနာတင်ယာဉ် (၉)စီးအတွက် ငွေကျပ်(၂)သိန်းခွဲတန်ဖိုးရှိ Engine Oilများကို ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းက လှူဒါန်းခဲ့ကြောင်း သိရသည်။

 

Super Sunday လှုမှုကူညီရေးအသင်းအနေဖြင့် လူမှုကူညီရေး လုပ်ငန်းများနှင့်အတူ အင်းစိန်မြို့နယ်အဆင့်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ကန့်သတ်စောင့်ကြည့်စင်တာ(၆)ခု၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ပါဝင်ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်စေရန်အတွက် အောင်ကမ္ဘာကုမ္ပဏီလီမိတက်မှ လူနာတင်ယာဉ်  (၉)စီးအတွက် ငွေကျပ်(၂)သိန်းတန်ဖိုးရှိ Engine Oilများကို လှူဒါန်းရာ Super Sunday လှုမှုကူညီရေးအသင်း ဥက္ကဋ္ဌ ကိုသူရိန်ထွန်းမှ လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကာပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့သည်။

 

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)

 

mdn