အင်းစိန်မြို့နယ်အတွင်းရှိ တညင်းကုန်းဈေးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရန်ကုန်   ၃၀   ဧပြီ

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မပြန့်ပွားစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်၉ နာရီက ဆောင်ရွက်ခဲ့သည်။

 

အင်းစိန်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေးအတွက် နေ့စဉ် ဈေးများအားလုံးသို့ အလှည့်ကျစစ်ဆေးလျက်ရှိရာ တာဝန်ရှိသူများသည် တညင်းကုန်းဈေးသို့ သွားရောက်၍ ဈေးရောင်းသူများ၊ ဈေးဝယ်လာသူများအား ကိုဗစ်-၁၉ ရောဂါကူးစက် မပြန့်ပွားစေရန် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များဖြစ်သည့် နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ လက်ဆေးခြင်း၊ အသား၊ ငါးများ ကိုင်တွယ်ရာတွင် လက်အိတ်များ ဝတ်ဆင်ခြင်းများ ရှိ/မရှိကို လိုက်လံ စစ်ဆေးခဲ့ကြကြောင်း သိရသည်။

 

အင်းစိန်မြို့နယ်၊ Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်ထိန်းချုပ်၊ ကုသရေးကော်မတီမှ ရောဂါကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဇွဲထက်ကို(ပြန်/ဆက်)