အင်းစိန်မြို့နယ်၌ ဘွိုင်လာအိုး ပေါက်ကွဲမှု ဖြစ်ပွားပြီး ၁ ဦး သေ၊ ၅ ဦး ဒဏ်ရာရ

နေပြည်တော် ၁၉  ဇွန်

 

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ထူးကောင်းစံစက်ရုံ၌ မရမ်းကုန်းမြို့နယ်၌ ဇွန် ၁၈ ရက်က မွန်းလွဲပိုင်းက ကွန်ကရစ်တိုင်ထုတ်လုပ်ရေး ဘွိုင်လာအိုး ပေါက်ကွဲမှုဖြစ်ပွားပြီး ၁ ဦးသေဆုံးကာ  ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ဇွန် ၁၈ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄၀  က မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက် နေ ဦးထွန်းမြင့်(၄၈)နှစ် ပိုင်ဆိုင်သော အင်းစိန်မြို့နယ်၊ တညင်းကုန်းရပ်ကွက်ရှိ "ထူးကောင်းစံ" ကွန်ကရစ်တိုင် ထုတ်လုပ်ရေးစက်ရုံ၌ ရွှေပြည်သာမြို့နယ်နေ ဘွိုင်လာအိုးတာဝန်ခံ ဖြစ်သူ ဦးမြသောင်း(၅၉)နှစ်နှင့် တညင်းကုန်းရပ်ကွက်နေ အောင်မျိုးသန်း(၃၅)နှစ်ပါ အလုပ်သမား ၂၅ ဦး သည် ကွန်ကရစ်တိုင်အား အပူပေးစဉ် ဘွိုင်လာအိုးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ပေါက်ကွဲမှုကြောင့် အောင်မျိုးသန်းမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး ဦးမြသောင်းပါ ၅ ဦးတို့တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ဦးမြသောင်းအား အင်းစိန်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား