အင်ဒိုနီးရှား ခရီးသည်တင်လေယာဉ်တစ်စီး ပျောက်ဆုံး

၉ ဇန်နဝါရီ

အင်ဒိုနီးရှား ခရီးသည်တင် Sriwijaya Air လေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၃၇ လေယာဉ် တစ်စင်းဟာ မြို့တော်ဂျာကာတာ ကနေ ဘိုနီယိုကျွန်းရှိ ပွန်တီအန်နက်ဆီကို စတင်ပျံသန်းပြီး အချိန်အနည်းငယ်အတွင်းမှာ ပျောက်ဆုံးသွားကြောင်း သိရပါတယ်။

ဘိုးရင်း ၇၃၇ လေယာဉ်ဟာ လူပေါင်း ၁၃၀ တင်ဆောင်နိုင်တဲ့ လေယာဉ် ဖြစ်ပေမယ့် နို့စို့ကလေး သုံးဦး၊ ကလေးငယ် ၇ ဦး၊ ခရီးသည် ၅၆ ဦးနဲ့ လေယာဉ်ဝန်ထမ်း ၆ ဦး  စုစုပေါင်း ၆၂ ဦး လိုက်ပါခဲ့ကြောင်း သိရပါတယ်။

ဂျာကာတာကနေ ဘိုနီယိုကျွန်းရှိ ပွန်တီအန်နက် ဆီကိုပျံသန်းမယ့် ခရီးစဉ်ဟာ ပုံမှန်အားဖြင့် မိနစ် ၉၀ နီးပါး ကြာမြင့်ကြောင်း သိရပါတယ်။ လေယာဉ်ဟာ အမြင့်ပေ ၁၁,၀၀၀ ပေ အထိရောက်ခဲ့ပြီး ပေ ၂၅၀ သို့ ကျဆင်းခဲ့ကြောင်း အဲဒီနောက် လေယာဉ်ဟာ လေကြောင်းထိန်းသိမ်းရေးစခန်းနဲ့ အဆက်အသွယ် ပျောက်သွားတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ပို့ဆောင်ရေးဝန်ကြီး က ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးတွေလုပ်ဆောင်နေကြောင်း ပြောပါတယ်။

မျက်မြင်သက်သေ တံငါသည်တစ်ဦးအဆိုအရ လေယာဉ်ဟာ အလင်းတန်းတွေ ထွက်လာပြီး ပေါက်ကွဲပြီး ရေထဲကို ကျသွားကြောင်း ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

ဘိုးရင်း ၇၃၇- ၅၀၀ လေယာဉ် SJY182 ဟာ နှစ်ပေါင်း ၂၆ နှစ်သက်တမ်းရှိကြောင်း သိရပါတယ်။

Sriwijaya Air လေကြောင်းလိုင်ဟာ အင်ဒိုနီးရှား ဒေသတွင်းက ဈေးသက်သာ လေကြောင်း လိုင်းတစ်ခုဖြစ်ပါတယ်။

MDN

ကိုးကား - AFP