အင်ဒိုနီးရှားလူမှုရေးဝန်ကြီးအား ကပ်ရောဂါထောက်ပံ့ရေးနဲ့ ပတ်သက်ပြီး အလွဲသုံးစားပြုလုပ်တဲ့အတွက် ဖမ်းဆီးထား

၇ ဒီဇင်ဘာ

အင်ဒိုနီးရှားလူမှုရေးဝန်ကြီးအား ကပ်ရောဂါထောက်ပံ့ရေးနဲ့ ပတ်သက်ပြီး လာဘ်ငွေအဖြစ် အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ သန်းယူထားကြောင်း သံသယရှိတဲ့အတွက် တနင်္ဂနွေနေ့က ဖမ်းဆီးထားကြောင်း သိရပါတယ်။

 

အင်ဒိုနီးရှား အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့က ငွေသား အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်းနဲ့ညီမျှတဲ့ ငွေသားတွေထည့်ထားတဲ့ အိတ်တွေအား စနေနေ့က သိမ်းဆည်းရရှိခဲ့ပါတယ်။

 

လူမှုရေးဝန်ကြီး ဂျူလီအာရီ ဘတ်တူဘာရာက အင်ဒိုနီးရှား အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့ထံ တနင်္ဂနွေနေ့က ကိုယ်တိုင်လာရောက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

 

လူမှုရေးဝန်ကြီးဟာ အကျင့်ပျက်ခြစားမှုနဲ့ လက်တလော သီတင်းပတ်တွေအတွင်း ဒုတိယမြောက် ဖမ်းဆီးခံရတဲ့ သမ္မတ ဂျိုကိုဝီဒိုဒို အစိုးရအဖွဲ့ဝင် ဒုတိယမြောက်ဝန်ကြီး ဖြစ်လာကြောင်း သိရပါတယ်။

 

အစိုးရက ထောက်ပံ့ပေးအပ်တဲ့ ရိက္ခာထုတ်တွေ စီစဉ်ပေးရသူနှစ်ဦးထံမှ အမေရိကန်ဒေါ်လာ ၁ သန်းကျော်ကို လာဘ်ငွေအဖြစ် လူမှုရေးဝန်ကြီးက ရယူခဲ့ကြောင်း စွပ်စွဲမှုတွေရှိနေပါတယ်။

 

လူမှုရေးဝန်ကြီးဟာ ထောက်ပံ့ရေးရိက္ခာထုတ်တစ်ထုတ်ဆီမှာ အမေရိကန်ဒေါ်လာ သုည ဒသမ ၇၁ သို့မဟုတ် အင်ဒိုနီးရှားငွေ ၁၀,၀၀၀ ရူပီးရား ရရှိတယ်လို့ ဆိုပါတယ်။

 

လူမှုရေးဝန်ကြီးဟာ ပြစ်မှုကျူးလွန်ခဲ့မယ်ဆိုရင် ထောင်ဒဏ် အနှစ် ၂၀ နဲ့ ဒဏ်ငွေ ရူပီးရား ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇၀,၀၀၀) ချမှတ်ခံရမှာ ဖြစ်ပါတယ်။

MDN

ကိုးကား - AFP