အင်ဒိုနီးရှားနိုင်ငံ ရေကြီးမှုနှင့် မြေပြိုမှုဖြစ်စဉ်များအတွင်း သေဆုံးသူ ၂၆ ဦး ရှိလာ

ကာတာ၊ မတ် ၁၂

အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမားတြားပြည်နယ်၌ ဖြစ်ပွားခဲ့သည့် ရေကြီးမှုနှင့် မြေပြိုမှုဖြစ်စဉ်များအတွင်း သေဆုံးသူ ၂၆ ဦး ရှိလာခဲ့ကြောင်း အမျိုးသားသဘာဝဘေး လျော့ပါးရေးအေဂျင်စီက ယနေ့တွင် ပြောကြားသည်။

ကယ်ဆယ်ရေးဝန်ထမ်းများက ပျောက်ဆုံးနေသူ ၁၁ ဦးကို ထပ်မံရှာဖွေနေကြောင်း ၎င်းအေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူမူဟာယီက မှတ်ချက်ပြုပြောကြားသည်။ အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် အနည်းဆုံး ၃၉၀၀၀  ထိခိုက်ခဲ့ကြောင်းနှင့် ထိခိုက်သူများအား အကူအညီများပေးအပ်ရေးအတွက် ဒေသဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

 ပြီးခဲ့သည့် သီတင်းပတ်တွင် ၎င်းပြည်နယ်အတွင်း ရေကြီးမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ပြီး ထောင်နှင့်ချီသော နေအိမ်များနှင့် အများပြည်သူသုံး အဆောက်အအုံများ ရေနစ်မြုပ်ကာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့သောကြောင့်  ပြည်နယ်အုပ်ချုပ်ရေးရုံးမှအရေးပေါ် သတိပေးချက်ကို ထုတ်ပြန်ခဲ့ရသည်။ ပစိဖိတ်သဘာဝဘေးအန္တရာယ်ကြောတွင် တည်ရှိသည့် အင်ဒိုနီးရှားနိုင်ငံသည် မကြာခဏ တိုင်ဖွန်း မုန်တိုင်းများ တိုက်ခတ်ကာ ရေကြီးမှုများနှင့် မြေပြိုမှုများလည်းဖြစ်ပွားလေ့ရှိပြီး ငလျင်နှင့် မီးတောင်ပေါက်ကွဲမှုများ အများအပြားဖြစ်ပွားခဲ့သည်။

ကိုးကား-ဆင်ဟွာ                       

ဘာသာပြန်-စိုးသူရ