အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း ပြင်းအား ၆ ဒသမ ၀ အဆင့်ရှိ ငလျင်လှုပ်ခတ်

ဧပြီ ၉

အင်ဒိုနီးရှားနိုင်ငံအရှေ့ပိုင်း အနောက်ပါပူအာပြည်နယ်တွင် ပြင်းအား ၆ ဒသမ ၀ ပမာဏရှိ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့သော်လည်း ဆူနာမီသတိပေးချက်ထုတ်ပြန်ထားခြင်းမရှိကြောင်း နိုင်ငံ၏မိုးလေဝသ၊ ရာသီဉတုနှင့် ဘူမိရူပအေဂျင်စီက ပြောကြားသည်။ ဂျကာတာစံတော်ချိန် ဧပြီ ၉ ရက် နံနက် ၇ နာရီ ၂ မိနစ်တွင် ငလျင်လှုပ်ခဲ့ပြီး  ငလျင်၏ဗဟိုချက်သည် ရန်စီခီမြို့၏အရှေ့တောင်ဘက် ၄၆ ကီလိုမီတာအကွာတွင် တည်ရှိပြီး ငလျင်အနက်သည် ပင်လယ်ကြမ်းပြင်အောက် ၁၁ ကီလိုမီတာရှိကြောင်း ထိုအေဂျင်ကပြောကြားသည်။ ကျွန်းစုနိုင်ငံတစ်နိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံသည် ပစိဖိတ်မီးတောင်ရပ်ဝန်းဇုန်တွင် တည်ရှိသောကြောင့် မီးတောင်ပေါက်ကွဲမှုများနှင့် ငလျင်လှုပ်ခတ်မှုများ ဖြစ်ပွားလေ့ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို