အင်ဒိုနီးရှားနိုင်ငံ၌ ၇၄၂၇ ဦးရောဂါထပ်မံကူးစက်ခံရ

ဂျကာတာ ဩဂုတ် ၃၀

အင်ဒိုနီးရှားနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၄၂၇ ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရာ နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၄၀၇၃၈၃၁ ဦး ရှိလာပြီဖြစ်ကြောင်း အင်ဒိုနီးရှားကျန်းမာရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။

အလားတူ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကြောင့် ၅၅၁ ဦး ထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၁၃၁၉၂၃ ဦးရှိလာပြီဖြစ်သည်။

သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ ၁၆၄၆၈ ဦး ဆေးရုံများမှ ဆင်းသွားခဲ့ရာ ဆေးရုံများမှပြန်လည်ဆင်းသွားခဲ့သူပေါင်း ၃၇၂၄၃၁၈ ဦး ရှိလာသည်။

လက်ရှိအချိန်အထိ ကာကွယ်ဆေးနှစ်ကြိမ်စလုံးထိုးနှံမှုခံယူပြီးသူ ၃၄ ဒသမ ၈၅ သန်း ရှိပြီး ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံမှုခံယူပြီးသူ ၆၁ ဒသမ ၆၅ သန်းရှိသည်။

ကိုးကား- ဆင်ဟွာ

ဘာသာပြန်- အောင်ကျော်ကျော်